ကျွန်မနှင့်စိတ္တဇညလယ်ဝယ်
ငွေလသာသာ ၊ စပါယ်ဖြူမွှေး၊
ပင်အိုရိပ်အောက် ၊ချောင်းနံဘေးဝယ်၊
တေးသံသာသာ ၊ ချိုမြိန်နှုပ်ခမ်း
ဖိတ်လျှံကျကာ၊ သာယာပျော်ဝင်
ချစ်သူလက်အုံး ၊ မှေးစက်ရာဝယ်
မနောရွှင်ကာ၊ စိမ့်ဝင်ပျော်မွှေ့
မယ့်နှလုံးသွင်၊ ဘယ်ခါမဆုံး
ဒီလိုညမျိုး ၊ မကူုန်ဆုံးရန်
တောင်းဆုချွေနေ၊ ညယံလယ်ဝယ်။
Comment #3
မေခ…အမ ..အားပေးသွားတယ်

Comment #6
ဒိုဒိုရေ creation ပါကွယ်…ကိုယ်တွေ့လို့ထင်ပီးအထင်တကြီးမေးတဲ့တွက်
ဘ၀င်မှာခိုက်သွားရပါတယ်ကွယ်……:P
အားပေးတဲ့ညီအစ်ကိုမောင်နှမတွေကိုကျေးကျေးပါ…
မကောင်းလဲသီးခံပီးဖတ်ပေးကြလို့ကျေးကျေးပါနော်……

Comment #8
ဟုတ်တယ်နော်။
ကဗျာရေးသား ပုံလေးက
အရမ်းကောင်းပါတယ်။

Comment #9
ရင်ထဲကခံစားမှုအားကောင်းပါတယ်
စိတ်ကူးဆိုပေမဲ့ တကယ်လိုခံစားမိစေပါတယ်….

Comment #11
ထပ်မံဖြည့်စွက်အားပေးသူများအားလုံးကိုကျေူးဇူးတင်ပါတယ်နော်…..

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
စိတ္တဇည…မဟုတ်ရင်..ပျော်ဖို့သိပ်ကောင်းမှာပဲ……
အားပေးသွားပါတယ်။မမေခ