ဖြူသွယ်တဲ့အဆင်းနဲ့ နှင်းအလွန်နှင်း
ညညတွေထဲကမြို့ပါပဲ
ဒါပေမယ့် ကိုယ်ရှို့တဲ့စုန်းမီးရှိလေရဲ့
အခွံချည်းသက်သက်ဆောင်းဦးပေါက်ရမယ်ဆိုရင်
ရနံ့မသင်းမှာလည်းမကြောက်မိဘူး
အနောက်ဖက်ယွန်းယွန်းက ကြားတဲ့
အရှေ့ဖက်စွန်းစွန်းဆီက သိုးဆောင်းပုံပြင်။
ဖိနပ်ကတစ်ဖက်တည်း
ကိုယ်တစ်ရံစာ ကြိုးပြတ်ခဲ့ပါတယ်။
ရှည်လျားပျင်းရိနေတဲ့
ပါးသိုင်းမွေးနှစ်တွေက
ဘာသိဘာသာဆက်လှမ်းတယ်
တစ်လှမ်း
နှစ်လှမ်း
သုံးလှမ်း
ဟော————-ဟိုမှာ
ဖြူလွှလွှမနက်ခင်းမှာ တဖွဖွကျဆင်းကာနေတဲ့
နတ်သမီးတို့အချင်းနဲ့ နှင်းကိုမြင်တယ်
ဒါနဲ့ပဲ
ကိုယ့်အလင်းကိုယ်တောက်
ဘယ်ခရီးရောက်ရောက်ပေါ့ကွယ်။ ။
ကြယ်ဝေး
Comment #2
ကြိုက်တယ်……

Comment #4
ကောင်း၏…….

Comment #7
ဒါနဲ့ပဲ
ကိုယ့်အလင်းကိုယ်တောက်
ဘယ်ခရီးရောက်ရောက်ပေါ့ကွယ်။

Comment #8
အားပေးသွားတယ်ကွာ
ကြယ်ဝေးရေ…………..မင်းကဗျာတွေက တော်တော်ကောင်းတာပဲ……

Comment #9
နှင်းကိုမြင်တယ်…….
နှစ်သက်စွာဖြင့်

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
i like it!!!!!!!!!