နတ်သမီးမဖတ်ခဲ့တဲ့ကဗျာ-ရဲဝင့်အောင်
ငါ့နတ်သမီးရေ…
ဆံနွယ်မှာလေပြေတွေနဲ့ အတူ
စံပါယ်တွေဖူးပွင့်ပါစေတော့ကွယ်…
ဒီကောင်းကင်မှာ တိမ်ဖြူတွေမှ
မရှိတော့ပဲ….
ကိုယ်ကပဲ အားလုံးကို
ကျောခိုင်းလိုက်ပါ့မယ်…..
‘နှုတ်ဆက်ပါတယ်’ ဆိုတဲ့
ဥသြကို ဒီလမ်းခွဲခြင်း သင်္ဘော
မဆိုက်ကပ်ခင်တည်းက
ဆွဲနှင့်ပြီးသားမဟုတ်လား…..
ခုတော့ကြေကွဲခြင်းခေါင်းတိုင်ဝက
မီးခိုးတွေနဲ့ အတူ…
ကိုယ်လွင့်မျောသွားရုံပဲရှိတော့မှာပေါ့
ကြယ်ကြွေငှက်တစ်ကောင်ရဲ့
ဖြစ်ရပ်က ဒါပါပဲလေ…..
နတ်သမီးအိပ်မက်တွေကြားက
အလန့် တကြားနိုးထလာတဲ့အခါ
ငှက်ဆိုးတွေအကုန်လုံးဝိုင်းပြောကြတယ်…
ဇာတ်သိမ်းပါပြီ…..
ဇာတ်သိမ်းပါပြီ…..
“ဇာတ်သိမ်းပါပြီ…..” တဲ့
ခေတ်အဆက်ဆက်
ချန်ထားခဲ့ရမယ့်
ငါ့နတ်သမီးရေ…
ဒီလိုနဲ့ ပဲ….
ရေနံဆီမကုန်ခင် ဆီမီးခွက်တွေ
ငြိမ်းခဲ့ရပေါ့ကွယ်….
ရဲဝင့်အောင်(ဒဿနိကဗေဒ)
Comment #3
အရမ်းကြိုက်တယ်ဗျာ

Comment #6
အားပေးသွားပါတယ်ဗျာ

Comment #8
ကဗျာက goodတယ်..အားပေးသွားပါတယ်။

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
‘နှုတ်ဆက်ပါတယ်’ ဆိုတဲ့
ဥသြကို ဒီလမ်းခွဲခြင်း သင်္ဘော
မဆိုက်ကပ်ခင်တည်းက
ဆွဲနှင့်ပြီးသားမဟုတ်လား…..
ခုတော့ကြေကွဲခြင်းခေါင်းတိုင်ဝက
မီးခိုးတွေနဲ့ အတူ…
ကိုယ်လွင့်မျောသွားရုံပဲရှိတော့မှာပေါ့