ရင်ဘတ်တစ်စုံရဲ့ ဖွင့် ဟဝန်ခံခြင်း (sharon )
သူ့ ကိုသေချာရင်မှာတွယ်ငြိ
ချစ်မိခဲ့တဲ့ နောက်မှာတော့
ရင်ခုန်တယ်ဆိုတာ
သူ့ ရဲ့အမူအရာတွေတိုင်းမှာဖြစ်တယ်
သူလှမ်းသွားတဲ့ ခြေလှမ်းတိုင်းမှာ
ငါ့စံပယ်တစ်ခင်း တဖွေးဖွေးနဲ့ ပွင့်တယ်
သူပြောသမျှ စကားလုံးတိုင်းမှာ
ငါ့ မျှော်လင့်ချက်တွေယှက်ဖြာတယ်
သူပြုံးလိုက်တိုင်းမှာ
ငါ့ အိပ်မက်တွေ သူ့ နှုတ်ခမ်းထက်မှာငြိတယ်
သူ့ ရယ်မောသံတွေဟာ
ငါ့အတွက်သံစဉ်မဲ့ ဂီတဖြစ်ခဲ့ တယ်
ငါအသက်ရှုလိုက်တိုင်းမှာ
သူ့ကိုယ်သင်းနံ့ က အောက်ဆီဂျင်နဲ့ အတူသင်းတယ်
သူ့ မျက်လွှာ တစ်ချက်အပင့် မှာ
ငါ့ ကဗျာတွေဖြစ်တည်ပေါင်းများပြီ
သူ့ အကြောင်းတွေးပြီး မိုးလင်းခဲ့ ရတဲ့ 
ငါ့ အိပ်ပျက်ညအကြောင်းတွေ
သူ့ ရဲ့ တဒင်္ဂပုံရိပ်ကို မြင်ရဖို့ အတွက်
ဂျူ တီတစ်ခုလိုစောင့် ကြည့် နေတတ်တဲ့  ငါ့ ရဲ့ ရူးသွပ်မှုတွေ
အပြုံးလေးတစ်ချက်မြင်ရဖို့ တောင်
ဖျတ်ဖျတ် ခါနေတတ်တဲ့ ငါ့ မျှော်လင့် ခြင်းတွေ
သူ့ ကို လွမ်းတိုင်း ပြောပြောနေမိတဲ့ စကားတစ်ခွန်းကို
ယုံကြည်ပေးမယ်ဆိုရင်
ခပ်တိုးတိုးလေးပြောချင်တယ်
” ချစ်တယ် “
sharon 20.9.2011 11am
Comment #3
အရမ်းကြိုက်တယ် … ကြိုးစားပါ …

Comment #5
like this poem..xo cute

Comment #6
အားပေးသွားပါ၏

Comment #7
သူ့ ကို လွမ်းတိုင်း ပြောပြောနေမိတဲ့ စကားတစ်ခွန်းကို
ယုံကြည်ပေးမယ်ဆိုရင်
ခပ်တိုးတိုးလေးပြောချင်တယ်
“ ချစ်တယ် ”

Comment #8
goodတယ်ဗျ။…

Comment #14
ohhhhhhhhhhhhhhhhhhhhh
he,,he,,,,,,,,
sound great

Comment #15
kye kye pyaw loh ma ya bu lar hin?

Comment #17
he,,he,,
kwi,,kwi,,
rofl,,,
ei lay ka dot a kye g pyaw pyit like me

Comment #18
သူ့ မျက်လွှာ တစ်ချက်အပင့် မှာ
ငါ့ ကဗျာတွေဖြစ်တည်ပေါင်းများပြီ

Comment #20
သူ့ မျက်လွှာ တစ်ချက်အပင့် မှာ
ငါ့ ကဗျာတွေဖြစ်တည်ပေါင်းများပြီ
သူ့ အကြောင်းတွေးပြီး မိုးလင်းခဲ့ ရတဲ့ 
ငါ့ အိပ်ပျက်ညအကြောင်းတွေ
သူ့ ရဲ့ တဒင်္ဂပုံရိပ်ကို မြင်ရဖို့ အတွက်
ဂျူ တီတစ်ခုလိုစောင့် ကြည့် နေတတ်တဲ့  ငါ့ ရဲ့ ရူးသွပ်မှုတွေ
အပြုံးလေးတစ်ချက်မြင်ရဖို့ တောင်
ဖျတ်ဖျတ် ခါနေတတ်တဲ့ ငါ့ မျှော်လင့် ခြင်းတွေ
သူ့ ကို လွမ်းတိုင်း ပြောပြောနေမိတဲ့ စကားတစ်ခွန်းကို
ယုံကြည်ပေးမယ်ဆိုရင်
ခပ်တိုးတိုးလေးပြောချင်တယ်
“ ချစ်တယ် ”

Comment #21
🙂

Comment #22
😉
😉

Comment #1
အားပေးသွားပါတယ်….