လက်စုတ်လက်ကိုင်လောကီလူသား
လက်စုတ်လက်ကိုင်လောကီလူသား
အစဘဝ အမိအဖ ပြုစုရုရ။
မိဘရင်ခွင် ပြေးချင်ထွက်ချင် ငယ်စဉ်ကပင် လွတ်လတ်စေချင်။
လောကီလူဘဝ ပျက်တုန်းခဏ ပြင်ရင်ထာဝရ မဖြစ်စေရ။
လူဘဝလမ်းမ သက်သေထောက်ထား ရှာဖွေသူများ မြင်နေပြီလား။
သုခများလား ဒုက္ခကလား သံသရာလမ်းကြား။
မပြီးပြည့်စုံခင် ပြီးပြည့် စုံခြင် သမုဒ္ဓရာမြေပြင်။
စဉ်းစားတွေးမြင် ပြန်ပြီးဆင်ခြင် ကိုယ့်အယူပင်။
မှန်လားမှားလား မြဲမြဲစဉ်းစား သတိနှင့်တရား။
မှန်ရင်လုပ်ကြ မှားရင်ပယ်ချ ကြာမယ်နောင်တ။
နောက်ကြခါမှ ပြန်ပြီးလုံ့ လ စိုက်လို့ မရ။
ဆုံးဖြတ်ချက်ချ နေက်ပြန်မရ အချိန်ကာလ။
လုပ်သောအခါ အပြစ်ချေရာ ကင်းစင်ဇွဲပါ။
ဖြူရောင်ဆိုဒါ မဲရောင်တွေကြား ရှိမယ်မဟုတ်လား။
ပြုစုနေဆဲ မဲစက်တွေထဲ တခဏလေးဘဲ။
အသိနှင့်သတိ ဘယ်သူရှိရှိ သတ္တိတွေရှိ။
သဘာဝတရား မှန်တယ်ဟုတ်လား သစ္စာလူသား။
တန်ခိုးအာဏာ လူတိုင်းမရပါ သိတယ်မဟုတ်လာ။
လူသားသိဒါ ပြောပြစမ်းပါ အဖိုးတန်ရတနာ။
လောဘဒေါသ မောဟသောက အနတ္တဒဿန ဒါတွေများလား။
အဲ့ဒါဆိုရင် ကိုယ်၌မှာပင် ဆင်ခြင်တွေ့ မြင်။
သူလည်းလူဘဲ ကိုယ်လည်းလူဘဲ ဘယ်သူမှမမြဲ။
ဒါကိုသိရင် ရန်သူမမြင် ငြိမ်းချမ်းသူတော်စင်။
တို့ ကြောင့်လူသား ဂရုဏာတရား ရှေ့ စောင်ထုပ်ထား။
ဘဝဆိုဒါ တိုးတောင်းလွန်းလှ သေရှင်တခဏ။
အဓိကဟာ မေ့တ္တာဂရုဏာ ပညာတွေပါ။
ဂရုဏာတရား ထားကြသူများ သိပ်ကိုရှားပါး။
ထိုလိုလူသား သုဿန်သို့ သွား လူမလိုလား။
သွားခဲ့ရင်တောင် သူ့ အလင်းရောင် ပြန်ပြီးမြင်ယောင်
ဒါကိုဥပမာစောင်။