ရင့်ရော်သွားသောရောင်စဉ်များ(လမင်းပိုင်)
ကြည်ပြာရောင် ကောင်းကင်ထက်မှာ
ဌက်ကလေးများ တောင်ပံခက် အေးချမ်းစွာ ပျံသန်းသွားချိန်
မိုးသားရောင်တို့နဲ့အပြိုင် ပျော်ရွင်ကမ္ဘာထဲမှာ
ကြည်နူးမှုတွေ လက်ချင်းယှက်လို့
ငြိမ်းချမ်းတဲ့ အပြာရောင်နေ့ရက်တွေဖန်တီးခဲ့ကြတယ်……
လင်းလက်နေတဲ့ နေရဲ့ အလင်းရောင်နဲ့အတူ
ဖြူစင်သန့်ရှင်းစွာချစ်ခဲ့ကြရင်း
အဖြူရောင်နေ့တွေ ဖန်တီးဖြစ်ခဲ့ကြတယ်……
ရောက်ရှိလာမယ့် မျှော်လင့်ချက် မနက်ဖြန်တို့ကို
လက်တွဲမပြက်ခရီးဆက်ဖို့ သတ္တိတွေစုရင်း
အနီရောင်ကို သိမ်းပိုက်ထားမိခဲ့ကြတယ်…….
ဒီလိုနဲ့ဘဲ
ဟောင်းနွမ်းညိုးနေ ရော်ရွက်တွေဟာ
လေပြေဆော့ရမ်း နွေလေကြမ်းမှာ ဖြုတ်ခနဲ့ကြွေရင်း
အ၀ါရောင် ကမ္ဘာမြေကိုဖန်းဆင်းဖြစ်ခဲ့ကြတယ်…..
အ၀ါရောင်ကမ္ဘာမြေက အဖြူရောင်လူသားတဦးရဲ့
စိတ်ကူးတွေထဲမှာ မျှော်လင့်ချက်ပန်းတွေ ပွင့်လန်းနေတုန်း
ဝေးကွာခြင်းရဲ့ လေနီကြမ်းမှာ အကြွေပန်းတွေဖြစ်သွားရင်း
အပြာရောင်ကောင်းကင်ဟာ တိမ်တွေဖုံးသွားရင်း……
အဖြူရောင်နေ့တွေ စွန်းထင်းသွားရင်း……
အနီရောင်နေ့တွေ ရင့်ရော်သွားရင်း……
ငါ့စိတ်ရဲ့ နှလုံးသားထဲမှာတော့
ကြည်ပြာရောင်ကို တမ်းတနေ
အဖြူရောင်ကို စွဲလန်းနေ
အနီရောင်ကို မက်မောမိနေ……..။
Comment #3
colourful poem
Comment #1
စိတ်တိုင်းကျ အရောင်တွေ ခြယ်သထားတဲ့ ကဗျာပဲ