ဧရာဝတီ ငိုနေသည်
-
ကျွန်တော် က ဧရာဝတီ အကြောင်း များများစားစား သိတာ မဟုတ်ဘူး
ဧရာဝတီ ကို အထီး မှန်း အမ မှန်းလည်း မသိဘူး
ဧရာဝတီ အသက် ဘယ်လောက်ရှိမှန်း လည်း မသိဘူး
ဧရာဝတီ ကို ချစ်လား မေးရင်တော့ မချစ်ဘူးလို့ ပဲ ဖြေ ရမယ်
ဒါပေမဲ့ …..
ကျောသား ရင်သား မခွဲ
လူမျိုး ဘာသာမရွှေး က ပြ အသုံးတော် ခံ တဲ့ ဧရာဝတီ
သူ စီးဆင်းရာ တလျှောက်က ကလေး လူကြီး တွေ ချစ်တဲ့ /တန်ဖိုးထားတဲ့ ဧရာဝတီ
သဘာဝ သယံ ဇာတ ရှုခင်း အလှပအတွေ အမြောက်အများနဲ့  လှပနေတဲ့  ဧရာဝတီ
သူ့  သမိုင်း ကို သူ အကောင်းဆုံး ရေးခြယ်ထားနိုင်ခဲ့ ဧရာဝတီ
ဘိုးဘွား ဘီ ဘင် လက်ထက်က အမွေ ဖြစ်တဲ့ ဧရာဝတီ ကို
ပျက်စီးအကျဉ်းတန် သွားမှာတော့ နှမြော တယ်..
အခုလည်း…
ဧရာဝတီ ရဲ့  ငို …ရှိုက်…သံ…..
တစ် စ တစ် စ နဲ့  ကျယ် လောင် လာ တာ
ကျွန်တော် …ကြား ….နေ…ရ…တယ်။ ။(လုလင်ငယ်သွေး)
Comment #4
လုလင်..ငါလည်းအားပေးသွားတယ်နော်….
Comment #5
လုလင် မင်းက ဧရာဝတီ ကို ဘာလို့ မချစ်တာလဲကွ
ငါ သိချင်တယ် ပြောပြထားခဲ့ဦး…………
Comment #7
ကျွန်တော်.တော့…ဧရာဝတီကိုချစ်တယ်…..
ဘာပဲဖြစ်ဖြစ်..ကဗျာလေး…ရည်ညွှန်းချက်ကောင်းတယ်ဗျာ
Comment #8
ဧရာဝတီဟာ အမွေအနှစ်ပါ
ဧရာဝတီဟာ စစ်မှန်တဲ့သမိုင်းစာမျက်နှာပါ
ဧရာဝတီဟာ ပေါင်းစည်းခြင်းရဲ့ သင်္ကေတပါ
ဧရာဝတီဟာ မြန်မာနိုင်ငံလူဦးရေအားလုံးနီးပါးရဲ့ အားထားမှီခိုရာပါ
ဧရာဝတီဟာ လမ်းပန်းဆက်သွယ်ရေးတစ်ခုပါ
ဒါ ကျွန်တော့်အမြင်ပါ . . .
ဒါကြောင့် ကျွန်တော်တော့ ချစ်တယ် ၊ (ဒါ့ထက်) မြတ်နိုးတယ်
ဒီလို အယူအဆ အတွေးအခေါ်တွေကို လေးစားပါတယ်
အားပေးပါတယ်
Comment #9
ကောင်းလိုက်တဲ့ မှန်လိုက်တဲ့ကဗျာ မောင်မြတ်သူအားပေးသွးပါကြောင်းး
လုလင်ငယ်သွေးရေ မောင်မြတ်သူလည်းဧရာဝတီကိုအထီးမှန်ူးအမမှန်းမသိသေးပါဘူး
ဒါပေမဲ့ ဒီကဗျာကနေ သူ့ငိုသံတွေကိုကြားလိုက်ရသလိုပဲ
Comment #10
အခုလည်း…
ဧရာဝတီ ရဲ့  ငို …ရှိုက်…သံ…..
တစ် စ တစ် စ နဲ့  ကျယ် လောင် လာ တာ
ကျွန်တော် …ကြား ….နေ…ရ…တယ်။ အားပေးသွားပါတယ်ဗျာ
Comment #1
ဧရာဝတီ ဟာ သတို့ သမီးတစ်ယောက်ပါ
နုနယ်ဖြတ်လတ်တဲ့  အပျိုစင်လေးပါ
အခုတော့….ခုတော့…..
…….ဧရာဝတီ ငိုနေသည်တဲ့
လုလင်ငယ်သွေးရေ …ကြက်သီးတွေထရင်း
အားပေးသွားပါတယ်