* ကျွန်တော်ကဗျာမရေးဖြစ်တဲ့နေ့ကစကားလုံးတွေတုတူပုန်းနေတယ် *
ငြိမ်းချမ်းရေးအတွက် စစ်လိုတယ်
ကဗျာတစ်ပုဒ်အတွက် ရင်ဘတ်လိုတယ်
ဘယ်ရောက်ကုန်တာလဲ အက္ခရာတွေ
ဘယ်ရောက်ကုန်တာလဲ အမှန်တရားတွေ
ဘယ်ရောက်ကုန်တာလဲ မေတ္တာတရားတွေ
ဘယ်ရောက်ကုန်တာလဲ
ဘယ်ရောက်ကုန်တာလဲ
သွားစမ်းပါ သံသယမျက်လုံးတွေ
မလာခဲ့နဲ့ အကျော်အခွတွေ
ဝေးဝေးနေစမ်းပါ မဲ့တဲ့တဲ့အပြုံးတွေရယ်
ကဗျာရေးမလို့ စဉ်းစားနေပါတယ်ဆို
စကားလုံးတွေက
တုတူပုန်းနေရတယ်လို့ …။ ။
ဒီလူ(တောင်တွင်းကြီး)
Comment #2
စကားလုံးတွေကတူတူပုန်းနေရတယ်လို့ မိုက်တယ်ဗျာ
မောင်မြတ်သူ(ခေတ္တ-လှည်းတန်း)
By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Sep 23, 2011
Comment #4
ကဗျာတစ်ပုဒ်အတွက် ရင်ဘတ်လိုတယ်။
ကောင်းလိုက်တဲ့စာသားလေးပါ။
By: မိုးကြိုး at Sep 23, 2011
Comment #6
အားပေးသွားပါတယ်
By: အသဲကွဲမိုး at Sep 25, 2011
Comment #7
ထပ်တစ်ခါလာသွားတယ်…….ဘယ်ရောက်ကုန်တာလဲ …???
By: sharon myorr myor at May 13, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကောင်းတယ်ဗျာ