“ နေတစ်ထောင်လင်းလို့မှ လဆယ်စင်း မသာနိုင်ဘူး”
“နေတစ်ထောင်လင်းလို့မှ
လ ဆယ်စင်းမသာနိုင်ဘူး ”
ငါတို့မြေက သွေးပျက်စွာ ရေရွတ်တယ်။ ။
လေထဲမှာ ခြေချင်းလိမ်နေတဲ့
စာနာထောက်ထားမှုနဲ့
ချစ်ခြင်းတရားက
တစ္ဆေတွေလို
အရိပ်မဲ့နေတုံး
လူမြင်မခံတဲ့ အမှန်တရားက
မျက်နှာငယ်စွာ မြေကြီးပေါ်
တွားသွားနေကြတယ် ။ ။
(မတော်တဆ ခလုတ်တိုက်မိသူကို ချော်လဲစေတယ်)
ကဲ . . .
ဒီလိုအချိန်
ဆပ်ပြာပူဖေါင်းတွေကို ငေးကြည့်မလား . . .
တွားသွားသတ္တ၀ါကို ပဲ တူးဖေါ်ကြမလား . . .
RC-1814 ကျုပ်တို့ နှလုံးသည်းပွတ်ကို
နောက်တစ်ကြိမ် နင်းခြေမသွားခင်
ဒါမှမဟုတ်
ကြီးအာသီးတွေပေါက်ကွဲ
ကျုပ်မေးခွန်းကို
ထိခိုက် စွန်းပေမသွားခင်
ပဲ့တင်သံကို ကြားခွင့်ရလေမလား
ငါ့တို့မြေ ခမျာ မျှော်နေရှာဆဲ ။ ။
Comment #2
ကောင်းမွန်သောအရေးအသားနဲ့..ကောင်းသောရည်ညွှန်းချက်…
ကျွန်တော်ဖတ်ရှု အားပေးသွားပါတယ်
By: အသဲကွဲမိုး at Sep 25, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လူမြင်မခံတဲ့ အမှန်တရားက
မျက်နှာငယ်စွာ မြေကြီးပေါ်
တွားသွားနေကြတယ် ။ ။