“ စိန်ခေါ်ခြင်း ”
“ ကြောက်တတ်ရင် လွဲ
ရဲရင် မင်းဖြစ်သတဲ့ ”
ရှေးလူကြီးများ…
ပြောခဲ့တဲ့ စကား
နားထောင်နေယုံမှ မဟုက်ပဲ…။
အရမ်းမြင့်တဲ့ တောင်တဲ့လား…
တကယ် သွားရင်…
ဘယ်နတ်ဘုရား ကမှ
တားဆီးလို့ မရနိုင်ဘူး…။
များလွန်းတဲ့ တောလား
အဖေ၊ အမေ ပေးတဲ့လက်…က
ဖျက်ပေးမှာပေါ့…။
“ လဲရင်ပြန် ထ
ဒါ ဘ၀တဲ့ ”
ပထမ ခြေလှမ်း…
“ စ ” စမ်းမှတော့
“ အဆုံး ” လမ်းလည်း ရှိမှာပဲလေ…။
ကမ်း မရှိတာ
ဘာဖြစ်လဲ…
မြစ်တစ်ခြမ်းကို
မေးစမ်းပါဦးမယ်…
“ မင်း လားကွဲ့ ပင်လယ်
ကျယ် ချင်သလောက် ကျယ်စမ်း
လက်တွေ့ စမ်းကြည့်မယ် ” ….။
Comment #2
ကောင်းတဲ့ကဗျာလေး..မို့ အားပေးသွားပါတယ်…
By: အသဲကွဲမိုး at Sep 25, 2011
Comment #3
ကမ်း မရှိတာ
ဘာဖြစ်လဲ…
မြစ်တစ်ခြမ်းကို
မေးစမ်းပါဦးမယ်…
“ မင်း လားကွဲ့ ပင်လယ်
ကျယ် ချင်သလောက် ကျယ်စမ်း
လက်တွေ့ စမ်းကြည့်မယ် ” ….။
ဖိုးကြယ်ရေဒါလေးကောင်းတယ်ကွာ…
သဘောကျတယ်။
By: PC at Sep 25, 2011
Comment #6
များလွန်းတဲ့ တောလား
အဖေ၊ အမေ ပေးတဲ့လက်…က
ဖျက်ပေးမှာပေါ့…။
By: ကေသရီ at Sep 26, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အရမ်းကိုကြိုက်တယ်…