အပျိုကြီး….ဖတ်စာ (sharon )
မရေရာတာသိတာပေါ့
ဒါပေမယ့် 
မိုးမလင်းနိုင် ဘူးလို့ 
ဘယ်သူပြောလဲ
အိပ်မက်တစ်ခုကိုဖမ်းဆုပ် နေစဉ်
ငါ့ နဘေး မှာ
ကြယ်တွေ
တစင်းပြီးတစင်း
ကြွေပြီးရင်းကြွေရင်း
မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ 
အချစ်ဟာ
ကျည်ဆံရထားလို
ခုတ်ခုတ်မောင်းနေလို့ 
ငါ့ ရင်ခွင်ဟောင်းလောင်း
အခွံချည်းကျန်ရစ်
အလွယ်စကားဆို…..အထာ
ကြီးကြီးကျယ်ကျယ်ဆို…..အချစ်ပေါ့ 
နားနဲ့ မဆံ့ တော့လို့ 
ခါးချိနေလို့ 
ခုနေချိန်
ငါ
မျက်ကန်းဖြစ်ချင်တယ်
တစ်နေ့ ကိုတစ်နေ့ စာ
ငါ့ ချစ်ခြင်းတွေ
မျိုသိပ်
ကြိတ်မှိတ်
သွတ်သွင်း
ဟော…
ခုတဖန်မလဲ
အချစ်ဆိုတာကလဲ
သကာဖုံးတဲ့ အဆိပ်ခဲပဲ
နှလုံးသားကတော့
အချစ်
အချစ်
အချစ် ပေးပါတဲ့ 
ရှာရွန် 6.4.2011 10am
Comment #5
ခုတဖန်မလဲ
အချစ်ဆိုတာကလဲ
သကာဖုံးတဲ့ အဆိပ်ခဲပဲ
နှလုံးသားကတော့
အချစ်
အချစ်
အချစ် ပေးပါတဲ့ 
..
အပျိုကြီးပဲကောင်းပါတယ်..ညီမရေ (အဖော်ရအောင်လို့..အဟီး)
Comment #12
အချစ်.. အချစ်..
မြန်မြန်ပေးတယ်..
ရော့….
နားငြီးတယ်.. ခဏခဏမတောင်းနဲ့
Comment #16
ဟုတ်ကဲ့ ဗျ…
အိပ်မက်ဆိုကပြည့် စုံခြင်းရဲ့ ခြေလှမ်းအစဗျ
လူတိုင်းအိပ်မက်မက်သင့်တယ်
ကောင်းမွန်တဲ့ အိပ်မက်ပေါ့ဗျာ
ဝေဖန်အကြံပေးတာကျေးဇူးဗျ
Comment #17
he,,he,,
i like both poem & comments
Comment #19
read again,,myor yae
Comment #21
i read again & again,,myor yae,
but i don’t want to b spinster now,,
kwi,,kwi,,lol
Comment #22
ဟိဟိ 😛
Comment #23
a pyo g pe kaung par de kwar.
myor ,,ei,,ma moe 3 yout group,
😛
Comment #24
့ဟဟားးး သိဝူးနော် ..မိုးကိုမေးကြည့်ဦးမယ် ခိခိ 😀
Comment #25
ကျွန်တော်ပါမယ်ဗျို့
Comment #26
Done.
Ha…ha.
🙂
Comment #27
အိရယ် … done ဟားဟားး 😀
Comment #28
😛
😛
😛
rofl..
myor,,agree? only 1 answer left,,now done.
but ma moe disappear in these days,
what’s wrong with her?
i worry her ,,is she ok?
Comment #29
မျောလည်းလိုင်းပေါ်သိပ်မရောက်ဖြစ်လို့ မတွေ့ ရဘူးး
ဒါပေမယ့် သူကဗျာတွေတော့ရောက်ရောက်နေတာကျေနပ်စရာကောင်းတယ်
သူနေကောင်းမယ်ထင်တယ် noti လေးတွေ တွေ့ နေရတတ်တယ်
အိရောဟင် ? 🙂
Comment #30
nope,,i didn’t see her..
hoping she b ok with everything,
u too,,chit myor,,wishing u b healthy,wealthy happy life with ur beloved people.
thz so much for ur kindness,
for me,,i m unlucky during this month.,,really disappointed & feel depress,
i m unconscious that i slipped & got pain in leg for 0ver 2 weeks.
can’t walk,,miss lots of duties,,suffer pain,,
so pain that i cry alot,
i regret that my childishness,,(i wish i won’t go out for 4 hours in the rain.)
Comment #31
:'( :'(
တူတူပဲအိရယ်
မျောလည်းဆိုင်ကယ်အက်ဆီးဒင့် နဲ့ အိပ်ယာပေါ်ပက်လက် နေနေရတာသုံးရက်တိတိရှိပြီ
ဘာမှစိတ်မပူနဲ့ နော်
စိတ်ဓာတ်လဲမကျနဲ့  ကောင်းကောင်းနားရတယ်လို့ ခံစားပစ်လိုက် …
ကံကောင်းခြင်းတွေရဲ့ အစ မှာနည်းနည်းတော့ ဖုထစ်တတ်ပါတယ်ကွယ်
စိတ်ညစ်နေဖို့ မလိုဘူးး
နောက်တစ်ခါသတိထားတတ်အောင် ပိုကောင်းတဲ့ လမ်းကိုရွေးချယ်နိုင်အောင်သင်ယူခြင်းလို့ သတ်မှတ်ထားလိုက် နော် ..
ပုံမှန်ဆေးသောက်
ပုံမှန်ဆေးလိမ်း
ပုံမှန်စားသောက်
မျောလည်းလမ်းလျှောက်နိုင်အောင်ကြိုးစားနေတယ် ဆရာဝန်ကတော့လှုပ်ရှားမှုမလုပ်နဲ့ ဦးလို့ မှာထားပေမယ့်ပေါ့နော် ( ခိုးလှုပ်တာ)
အမြဲသတိရတယ်
ကဗျာဆိုတာသေဆုံးခြင်းမရှိဘူး အိ
အိ ဆိုတာ ကကဗျာနဲ့ ထပ်တူကျနေတဲ့ လူသား
အားတင်းထားနော်
အိဘေးမှာအမြဲ (အတည်) ရှိနေမယ် အမြန်နေကောင်းအောင်ကြိုးစား 🙂
lov u & God Bless 2 Ei
Comment #32
wow,,.
arr shi twar p kwa,..
chit myor shi arr shi,,,
me too…love u,, 😛
Comment #33
chit myor yaeeeeeeeeeee
ma moe pyan yout p.
ma moe pyan yout par p.
ma moe pyan yout p kwa.
wayyyyyyyyyyy
wayyyyyyyyyyy
🙂
😛
a pyo g phat sar ko note htet 1 khout phat mi twar par de shint
Comment #34
ဟုတ်တယ် သူပြန်လာပြီ မိုးပြန်လာပြီ အိ
ကျေးဇူးကွယ် 🙂
Comment #35
အချစ်ဟာ
ကျည်ဆံရထားလို
ခုတ်ခုတ်မောင်းနေလို့ 
ငါ့ ရင်ခွင်ဟောင်းလောင်း
အခွံချည်းကျန်ရစ်
Comment #36
ဘာလို့အပျိုကြီးဖြစ်ချင်ရတာလဲ…..
Comment #37
He..he..
Chit myor, ,,
Comments tway ka a yann ko mike de.
😛
Comment #38
အပျို ကြီးများစုဝေးရာ 😀
Comment #1
အပျိုကြီး ဖတ်စာ ဆိုတော့ အပျိုကြီးတစ်ယောက် ဖတ်သွားတယ်နော်…
ကဗျာလေးက ကောင်းတယ်…