သော့ချက်များရဲ့အလွမ်းမီးပြတိုက်
သတိတွေနဲ့ အရိပ်တွေကို
သူဖမ်းစားလွန်းလို့ ငါရင်မှာ
မီးတောက်တွေနဲ့ နှလုံးသား
ငါ ..မင်းရဲ့ ရှေ့မှာ ငိုနေမိတယ်..။
အတိက်တွေရယ် ပစ္စုပ္ပန်မှာ
တိုးထွက်လာဖို့တွက် ငါ့ရင်ကိုခွဲလို့
ချစ်သက်သေတွေ ရေးဆွဲရင်း
ငါ… မင်းရဲ့ ရှေ့မှောက်မှာ ကြေကွဲနေမိတယ်..။
မကြေငြာသေးတဲ့ အတိက်ရဲ့အရိပ်ရယ်
လွှမ်းမိုးနေသော ချစ်ခွင့်စာတန်းရယ်
ငါ့ရင်ခွင်ကို ရိုက်နှိပ်လို့ချုပ်ခြယ်ခဲ့
မင်းအတွက် မနက်ဖြန်မှာ ငါလွမ်းနေမိခဲ့တယ်…။
အတိက်သမိုင်းရယ် အရိပ်သမိုင်းရယ်
ရောနှောနေသော အနာဂါတ်ကောင်းကင်ကြီးမှာ
ကြယ်စဉ်တာရာတွေက ငါ့ကို လောင်ရယ်ရင်း
ငါ့ရင်တွင်းက ချစ်ခြင်းတွေကို ပေးဆပ်ဖို့ စိတ္တဇဖြစ်ခဲ့မိတယ်..။
သေရာပါသော ဒဏ်ရာအနာတရက
ငါ့မြင့်မိုရ်ကို ထိုးခွင်းလို့လုယူသွားခိုက်
မေယုတောင်ခြေမှာ ငါ့နှလုံးသား
ခလုတ်တိုက်လို့ ချစ်မိုက် လွမ်းဆွတ်ခဲ့မိတယ်..။
နာကြည်းခြင်း ကမ်းသောင်ယံမှာ
ဒီလှိုင်းတွေ တက်ရောက်စော်ကားလို့
ဘဝမလှ ရှုံးနိမ့်ခဲ့ရပေမဲ့
ချစ်ပင်လယ်အော်မှာတော့ ငါ့ဟာ ချစ်လူမိုက်ကြီးပေါ့..။
တက္ကသိုလ်မြတ်မင်း
http://www.venpunnavamsa.blogspot.com
Comment #1
ကိုမြတ်မင်း ကဗျာတွေက စကားလုံးသုံးတာတွေ ကောင်းတယ်