“ အချစ်မှသည် ….. အမုန်းသို့ ”
မှန်တာပြောရရင်…
ငါ့ ဘ၀အစမှာ
နင် ဆိုတာမရှိခဲ့ဘူး။
ဒါပေမယ့်…
နင့်ရဲ့ သတင်းစကားတွေက
ငါ့ အနီးအနားမှာ
တံခါးလာခေါက်တယ်။
အဲ့ဒီ့ ည က…
အေးစက်စက် အိမ်မက်တွေကိုစွန်းထင်း
ဖန်ဆင်းထားတဲ့ ကဝေပျိုရဲ့တေးသွားက
ပေါ့ပေါ့ပါးပါးလေး လှလို့…။
ဒီလိုနဲ့ပဲ
ငါ့ကို ချည်နှောင်ခဲ့တဲ့ ကြိုးတစ်ချောင်း
ဘယ်သူကောင်းဖို့မှ
ဖြစ်မလာဘူး…။
နင့် ရဲ့ ရုပ်ရည်…
နင့် ရဲ့ စိတ်ထား…
ဘာကိုမှ ပြောင်းလဲစရာမရှိဘူးတဲ့လား…။
မကြားချင်ပါဘူးဟာ…
နင့်ရဲ့ မာနတရားက
ငါ့ နားမှာ ခါးတယ်…။
အဲ့ဒီ့ နေ့ကို မုန်းတယ်။
ဟုတ်တယ်…
အဲ့ဒီ့ နေ့ကို ငါ မုန်းတယ်။
နင့်ရဲ့ ခါးသက်သက်
အတ္တကို
ဒူးထောက်နေသူတွေလိုတော့…
ငါက ရူးမနေဘူး…။
Queen တစ်ယောက်ရဲ့
အလှတရား နဲ့
မာယာ စကားမို့
ပြာယာခတ် ပေးရမယ်တဲ့လား…
သွားစမ်းပါ…။
အခုတော့လည်း
ကဝေပျိုရဲ့ တေးသွားတွေက
မကြားချင်လောက်အောင်
ခါးတယ်။
စာထဲမှာ စိတ်မရောက်
နင့် စကားအောက်မှာ
ပျောက်ပျောက်သွားတဲ့
လူငယ်များစွာရဲ့ အနာဂါတ်ဟာ
“ သူတို့ တွေရဲ့ ၀ဋ်ကြွေးများလား…
မစဉ်းစားတတ်အောင်ပါပဲ ”
အဲ့ဒီ့ စကားတွေ
ပြန်ကြားနေရတယ်…။
“ … ” ရေ
အခုတော့လည်း
အဲ့ဒီ့ ကဝေပျိုရဲ့ တေးသွားကို
ညဟောင်း များစွာထဲက
မောင်းထုတ်လိုက်ပြီ…။
မျက်ဝန်းဆိုတာ…
စိတ်ရဲ့ တံခါးပေါက်သာဆို
မြင်ကွင်းရှေ့မှာ
ဗီဇာ မပါဘဲ
ဖြတ်လျောက်နေတဲ့
“ နင့် တစ်ယောက်ကို မုန်းတယ်…။ ”
Comment #5
မိုက်၏။ ကဗျာကို ဆွဲခေါ်သွားပုံ ကောင်း၏။
Comment #1
နင့်ရဲ့ ခါးသက်သက်
အတ္တကို
ဒူးထောက်နေသူတွေလိုတော့…
ငါက ရူးမနေဘူး…။