အနောက်ဓါတ်
ရထား သမျှ
မချိမဆန့် ပြန်အန်ချဖို့ ဆိုရင်
ဘာတစ်ခု မှ ငါမလိုချင်ဘူး…
စိတ်က စိတ်ကို လောင်သမျှ
စိတ်က စိတ်ကို ပြန်လှောင်တယ်
နတ်အတွက်တောင်
စကားပုံထား ထားသေးတာ
ငါ က လူတစ်ယောက် လေ
ဟုတ်လား ဆို ခေါင်းညိမ့်
မဟုတ်ဘူးလား ဆို ခေါင်းခါ
ကြောက်လို့လား…
ရယ်ရယ်ပြနေရတာ
အားငယ်တတ်လို့လား…
ငြိမ်ငြိမ်လေး နေနေမိတာ
လှံလာလာ စိုက်ရအောင်လည်း
ချိုင့် ၀ှမ်း ထဲ
ငါက ခေါင်းပြူနေတာမှ မဟုတ်တာ…
ကျောက်တုံးမှန်းသိသိကြီးနဲ့
သေချာ ဆွဲတင်နေရတဲ့
Gold Miner တစ်ယောက်ကိုလည်း
တစ်ခါ မှ မလှေင်ခဲ့လို့
ကျေးဇူးပြု ပြီး
ငါ့လွယ်အိတ် ဖြူဖြူလေးထဲ
ပန်းပွင့် ပုပ်တွေ
တယုတယ
လာလာ မထည့်ကြ….ဖို့….ကို။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service