ငါတို့တတွေ နွေကိုကြို
မြေပြင်ပေါ်မှာ သစ်ရွက်ခြောက်တွေ လေအဝှေ့မှာ အပြည့်
နွေအကြို သင်္ကေတအဖြစ် မှုံမှိုင်းရီ မီးခိုးတွေ တောင်ပေါ်လေနဲ့
အလည်ရောက်ခဲ့သည် တောမီး တောင်ယာမီးက လင်းလင်းချင်းချင်း
လေနီသွေးက ဟိုတိုက်ဒီတိုက်နဲ့ တလိပ်လိပ်နဲ့ ကောင်းကင်မှာ
ဖုန်လှိုင်းတွေက ငါ့ပါးကို ကျီစား ညနေခင်းသစ်ရွက်ကြွေသံ ရင်ကို လာလာမှန်တော့ ဒဏ်ရာတွေနဲ့ နွေ ငုဝါနဲ့ ပိတောက်တွေက အဝါချင်းပြိုင်နေ ဥသြတွေ သံစဉ်ပျောက်လို့ ဟစ်ဟော့ သီချင်းတွေ ဆိုနေကြ အပြောင်းအလည်းနဲ့ နိယာမ တရားက ငါ့အိမ်၊ငါ့လမ်း၊ငါ့နေရာ၊ငါ့ပိုင်ဆိုင်မှု၊ငါ့ပိုင်နက်၊ငါ့မနက်ဖြန် ငါကို ငါချင်းထပ် ငါ ဆိုတဲ့ အတ္တတွေ ပြွတ်ခဲသီး
ငါဆိုတဲ့ အသီးတွေ ရှင်သန်နေတဲ့ လောကမှာ
ကိုဇော်ဝမ်းကြီး မရှိလည်း မန်းသင်္ကြန်ကတော့ စည်မှာပဲ
မြိုမငြိမ်းရဲ့ သီချင်းတွေ အခုထိ ဆိုနေတုန်းပဲ
ငါတို့မြို့ရဲ့ နွေရာသီက ဂျင်းပင်တိုတို ပေါင်တံဖွေးဖွေး
လန်းတယ်ဗျာ ရေ နှစ်ခါ ချိုးရတဲ့ ဘဝကို မုန်းတယ်
ပြင်ဆင်ခွင့် မရှိတဲ့ ရွှေးချယ်မှုတွေနဲ့
ကူးစက်မြန် ရောဂါတို့က မင့်ကို ချစ်နိုင်ဖို့
သတ္တိတွေ မွေးရအုန်းမယ် နွေရေ ….။
ယွန်းအိမ်