*#* သင့်ရင်ထဲမှာအလွမ်းတစ်ခုပီသနေရင်ငိုသာချလိုက် *#*
*#* သင့်ရင်ထဲမှာအလွမ်းတစ်ခုပီသနေရင်ငိုသာချလိုက် *#*
ကိုယ်ဝယ်ထားတဲ့နာရီနဲ့
ကိုယ်ကိုတိုင် အချိန်ကို
လုပ်ချင်သလိုသာ လုပ်လို့ရရင်
ဟိုတစ်ခါမင်းနဲ့တွေ့ကတည်းက
ငါ့နာရီကိုစက်ရပ်ထားလိုက်တယ်…
ခက်တာကခုငါလွမ်းနေရပြန်ပြီချစ်သူရေ
အလွမ်းတွေကဗျာထဲထည့်ရင်ကဗျာကညံ့သွားရောလား
အလွမ်းတွေကိုကဗျာထဲကထုတ်လိုက်ရင်ကဗျာကကောင်းသွားရောလား
ငြင်းခုန်ရတာမောတယ်၊ရှင်းပြရတာမောတယ်၊
ချစ်ရတာမောတယ်၊လွမ်းရတာမောတယ်
ဘာဖြစ်လို့ဒီကဗျာက ဆွေးရိပ်သန်းသွားရတာလဲ
ပါးပါးလျလျနှုတ်ခမ်းတစ်စုံက
အနာဂတ်ကြီးတစ်ခုလုံးကိုပိုင်ဆိုင်တယ်ဆိုရင်
ခင်ဗျားတို့အံသြကြမလား?
ကဗျာကိုအစကနေပြန်ဖတ်မကြည့်နဲ့မိတ်ဆွေ
သင့်ရင်ထဲမှာအလွမ်းတစ်ခုပီသနေရင်ငိုသာချလိုက် ။ ။
ဒီလူ(တောင်တွင်းကြီး)
Comment #4
လွမ်းရင်ငိုဆိုတော့ ဘယ်တော့မှများတိတ်ပါ့မလဲ ။ ဒီလူ ရေ…….. ရေကြီးတဲ့သတင်းပါလာရင် အဲ့ဒါမင်းကြောင့်နော်
By: moe at Oct 22, 2011
Comment #5
hote,,
khu pe ngo like p.
By: ei lay at Jul 21, 2012
Comment #6
good shel poem pr…^^
By: shwezin myatno at May 31, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးသွားပါတယ်