*@* တစ်နေ့တော့ *@*
စကားတစ်ခွန်းနှစ်ခွန်း
စွတ်စိုရုံလောက်နဲ့
မျှော်လင့်ချက်ကို
နေ၀င်ပေးလို့ဘယ်ဖြစ်မလဲ
ကောင်းကင်ကလမင်းကြီးကျကွဲသွားတောင်
ငါက
မင်းတစ်ကိုယ်စာအတွက်တောက်ပချင်သေးတယ်
တစ်ယောက်ကတစ်ယောက်ရဲ့အလင်းဖြစ်ချင်ကြ
တစ်ယောက်ကတစ်ယောက်အတွက်တောက်ပချင်ခဲ့ကြတယ်
တစ်နေ့တော့ဆိုတာ
ဘယ်တော့လဲမသိပေမဲ့
အဲတစ်နေ့ကိုပဲ အဆုံးမဲ့ မျှော်လင့်ချင်းများစွာနဲ့ ။ ။
ဒီလူ(တောင်တွင်းကြီး)
Comment #2
တစ်ယောက်ကတစ်ယောက်ရဲ့အလင်းဖြစ်ချင်ကြ
တစ်ယောက်ကတစ်ယောက်အတွက်တောက်ပချင်ခဲ့ကြတယ်
တစ်နေ့တော့ဆိုတာ
ဘယ်တော့လဲမသိပေမဲ့
အဲတစ်နေ့ကိုပဲ အဆုံးမဲ့ မျှော်လင့်ချင်းများစွာနဲ့ ။ ။
By: အသဲကွဲမိုး at Sep 27, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကဗျာက ကောင်းပါတယ် ကာလာတွေ နဲ့ ဆိုတော့ ဖတ်ရတာ အတော် အားစိုက်လိုက်ရတရ်