*အချစ်ကိုအလွန်အကျွံစားသုံးခြင်းသည်အလွမ်းကိုစိုးရွှားစွာထိခိုက်စေနိုင်သည်*
*အချစ်ကိုအလွန်အကျွံစားသုံးခြင်းသည်အလွမ်းကိုစိုးရွှားစွာထိခိုက်စေနိုင်သည်*
ဒို့နှစ်ယောက်က
သာမာန်ထက်ပိုပြီးချစ်ကြတဲ့အခါ
ဘာမဟုတ်တာလေးတွေကအစ ကွဲရှမိနေပြန်တယ်
ငါဒို့နှစ်ယောက်က
သာမာန်ထက်ပိုပြီး လွမ်းနေတဲ့အခါ
ဘာမဟုတ်တာလေးတွေကအစ ပေါက်ကွဲနေမိပြန်ရော
မင်းပြောသလိုနတ်က္ခမှားခဲ့လေသလား
နင်ရယ်ငါရယ်မကွဲပြားခဲ့လေရော့သလားပဲ
ငါကမင်းကိုသိပ်ချစ်နေတဲ့အခါ
မင်းကငါ့ကိုသိပ်သ၀န်တိုနေမိပြန်တယ်
မင်းကငါ့ကိုသိပ်ချစ်ပြန်တော့
ငါကမင်းကိုစိတ်မချပြန်ဘူး
ဒို့နှစ်ယောက်က
ငြိုငြင်မှာစိုးတဲ့စိတ်တွေနဲ့
ဟိုအရင်အခါအတိတ်ရဲ့နေ့တွေကို
ပြန်မြင်ကာမပြောပြစ်တော့ပေမဲ့
လက်ရှိမှာလဲကွက်တိမကျသေးပြန်ဘူး
အလွန်အကျွံစားသုံးမိတဲ့အချစ်သစ်သီးကပဲ
အဆိပ်မိခဲ့လေသလား
အလွမ်းဖျော်ရည်ထဲကိုပဲ
ဆားခတ်များသွားခဲ့တာလား
သေချာမသိပေမဲ့
သိပ်ချစ်ကြတယ် ဆိုတဲ့
ခေါင်းစဉ်အောက်မှာပဲ
အတူဆုံမဲ့နေ့ကိုမရောက်သေးသရွှေ့
မွန်းကြပ်စွာလောင်မြိုက်နေကြရအုန်းမယ်ထင်တယ်။ ။
ဒီလူ(တောင်တွင်းကြီး)
Comment #3
ဒို့နှစ်ယောက်က
သာမာန်ထက်ပိုပြီးချစ်ကြတဲ့အခါ
ဘာမဟုတ်တာလေးတွေကအစ ကွဲရှမိနေပြန်တယ်
ငါဒို့နှစ်ယောက်က
သာမာန်ထက်ပိုပြီး လွမ်းနေတဲ့အခါ
ဘာမဟုတ်တာလေးတွေကအစ ပေါက်ကွဲနေမိပြန်ရော
မင်းပြောသလိုနတ်က္ခမှားခဲ့လေသလား
နင်ရယ်ငါရယ်မကွဲပြားခဲ့လေရော့သလားပဲ
I LOVE IT! … 🙂
Comment #4
အားပေးသွားတယ်နော်
Comment #5
ဒီကဗျာတော်တော်ကောင်းတယ်ဗျာ
Comment #1
ကောင်းတယ်ဗျ
အားပေးသွားပါတယ်