ကြောက်စိတ်
အသက်အရွယ်
နုနယ်စဉ်က
တုတ်ကို တုတ်ခြင်း
ဓါးကို ဓါးခြင်း
ကိုယ်ဖြေရှင်းမိ
အသက်ကိုမငဲ့ ၊ စွန့် လွတ်ရဲခဲ့…………..
ကြင်သူဇနီး
သားသမီးနှင့် ၊ နှောင်ဖွဲ့ ချည်ငင်
သံယောဇဉ်ကြောင့်
အများအသိက
တရားမရှိလို့ ဘဲဆိုဆို
ခဏတာမျှ ခွဲခွာရမှာ
တုန့် လှုပ်ပါ၏
လွန်ကြောက်မိ…………………………..
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service