ေ၇ွှပန်းချီ
ူ်ကျေးငှက်သံကြား နံနက်ထဲက
ကိုယ်မြင်နေတာ မင်း၇ဲ့မျက်နှာ
လေပြေပြေးလွှား ဆော့ကစားလည်း
ကြည်နူးစိတ်ကူး ကိုယ်တွေးလကာင်္
၇င်ဝယ်ပီတိ ဖြစ်ခဲ့ဖူး၏
ဆန္ဒတစ်စုံ ဖန်တီး၇ာမှာ
ပုံဖော်တူဟာ အဓိကပါ
ဖြူကြည်စိတ်ထား ချိုးသာနှုတ်ဖျား
အဲ့ဒါလေးကို ချစ်ခဲ့မိတာ
ချစ်ခြင်းမေတ္တာ သံယောဇဉ်တွေ
၇စ်ပတ်တုတ်နှောင် အကျဉ်းထောင်မှာ
သာယာသုံးနှုန်း ဒီစကားလုံး
ချယ်မှုန်းချင်တာ မင်းအသိပါ
မျှော်လင့်ခြင်းနဲ့ မျှော်လင့်ချက်ကို
ထပ်တူထပ်မျှ ဖြစ်ချင်လှ၏
ထို့ကြောင့်ပါမူ အကျွန်ုပ်အား
ချစ်တယ်စာလုံး ဒီနှစ်လုံးအား
နှုတ်ေ၇ွှတော်ဟ ပြောစေသတည်း။………….။
Comment #2
ဟုတ်ကဲ့ပါဗျာ

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လေးလုံးစပ်ကဗျာတွေရှားပါးလာတဲ့
ဒီနေ့ခောတ်မှာ…
ဒီကဗျာမျိုးရေးပေးတာကောင်းတယ်ဗျာ…
ဖြစ်နိုင်ရင်…သုတကဗျာလေးတွေပါရေးပါလားVillage Chat Kyi
အကြံပေးကြည့်တာပါ
ဆရာလုပ်တာတော့မဟုတ်ပါဘူး။