တူညီသောအစနဲ့ အဆုံး
အထီးကျန်တဲ့ ငါ့ဘ၀ထဲကို
အချစ် စတင်ဝင်ရောက်လာခဲ့ချိန်မှာ…
ဦးဆုံးအချစ်(အချစ်ဦး)နဲ့ ဆုံတွေ့ ခဲ့ရပြီပေါ့….
အချိန်တွေ ကြာလာတော့
(အချစ်ဦး)ထက် အချစ်စစ်နဲ့ ချစ်ရတဲ့(အချစ်ဆုံး)ကို
တွေ့ ရှိခဲ့ရပြန်တယ်…
မထင်မှတ်ပဲ..အချစ်ဆုံးကို ဆုံးရှုံးပြီးတဲ့ နောက်(အချစ်သစ်)ကိုမွေးဖွားခဲ့ပြန်တယ်…
အချစ်သစ်ကိုတော့..(နောက်ဆုံးအချစ်)နဲ့ ချစ်ခဲ့ပါတယ်….
သို့ ပေမဲ့ ..ကံမကောင်းစွာနဲ့ ….ခွဲခွာခဲ့ရပြန်တော့…
အထီးကျန်ခြင်းက ငါ့အတွက်ဆိုတာ …သေချာသွားခဲ့ပြီ…
Comment #2
သေချာသွားခဲ့ပြီ…ဆိုတဲ့အထီးကျန်ခြင်းဘယ်လောက်ကြာမှာလဲး။
နောက်တွေမဲ့အချစ်ကိုဘယ်လိုအမည်တပ်မလဲး။
By:့happywin at May 16, 2010
Comment #4
when i read this poem,,i understand that the poet has 3 lovers.not only 2.
By: ei lay at Jan 13, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဦးဆုံးအချစ် ….(စတဲ့စကားလုံး ကို လူတိုင်းအချစ်ဦးဟုသိနိုင်သည်)ထို့ကြောင့် ကွင်းစ ကွင်းပိတ်နဲ့ (အချစ်ဦး)ဟု
ပြန်မရေးသင့် ကြောင်း အကြံပြုပါရစေ။
နောက်ပါဒမှာလည်း (အချစ်ဦး)ထက် ဆိုတဲ့နေရာမှ ကွင်းစ ကွင်ပိတ်တွေ မခံလည်း ကဗျာက သက်ဝင်နေမှာသေချာပါတယ်။ ထည့်လိုက်တော့ဖတ်ရတဲ့သူကို ဒုက္ခဖြစ်စေတယ်။
ဒါပေမဲ့ အထက်က လူ ညွှန်းသွားသလို ကဗျာ က စာသားရရော စွဲဆောင်မှုအရပါ… ရိုးရှင်းနေတာကတော့
ဝမ်းနည်းစရာပါ..။
ကဗျာဆရာရဲ့ ရည်ရွယ်ချက် က
၁။ အထီးကျန်ခြင်းကို အခြေပြုသည်။
၂။ အထီးကျန်ချိန်မှာ အချစ်ဦး ၀င်လာသည်။
၃။ အချစ်ဦးနှင့်ခွဲပြီး အချစ်ဦထက် ထက်ချစ်ရမယ့်လူပေါ်လာတယ်။
၎။(ဒီနေရာမှာမေးစရာ ရှိတာက ဒီ ပါဒ ပါပဲ ((အချစ်ဦး)ထက် အချစ်စစ်နဲ့ ချစ်ရတဲ့(အချစ်ဆုံး)ကို
တွေ့ ရှိခဲ့ရပြန်တယ်…
မထင်မှတ်ပဲ..အချစ်ဆုံးကို ဆုံးရှုံးပြီးတဲ့ နောက်(အချစ်သစ်)ကိုမွေးဖွားခဲ့ပြန်တယ်…)
ဒီပါဒ က အမြင်အရ ကဗျာ ဆရာက အချစ်နှစ်ခုဖြစ်နေသလိုထက်။ အချစ်ဦးထက် အချစ်စစ်နဲ့ ချစ်ရတဲ့ အချစ်ဆုံး ဆိုတာက ပထမ အချစ်ဦးကို အချစ်စစ်နဲ့မချစ်ခဲ့သလိုပါပဲ..။
၅။ ကဗျာက မုန့်လုံးစက္ကူကပ်လိုဖြစ်နေတယ်..။
တောင်းပန်ပါတယ်။ ကဗျာဆ၇ာေ၇…။ မနေနိုင်လို့ ၀င်ရေးမိတာ ခွင့်လွတ်ပါ။
အငွေ့