ဒိုင်ယာရီ နေ့စွဲများ
၂၀၀၉ ကစလို့
ကဗျာအတွက် ကလောင်မကိုင်တော့ဘူး
ငွေကြေးရဲ့ ကျားကွက်ရွှေ့ဖို့
လက်သွေးတက်လာတယ်။
သံသရာ လည်ဖို့
ဝဋ်ခံဖို့အတွက်..ဘုရားတည်..၊စုတ်ထိုး
(၂) မျိုးကိုချန်လို့…..
ကျန်တစ်လမ်း ..ငါလျောက်လှမ်း…။
ကံကြမ္မာက တော့ဓားထမ်းထားတယ်။
င့ါကိုဘယ်နေ့ ခုတ်မလဲတော့မသိ။
ငါ့သိတာ က
လိုချင်တာတွေ စွန့်လွတ်လို့
လိုအပ်တာ တွေ အငမ်းမရနဲ့
ခွေးလို…၀က်လို….
ငွေနံ့ခံလို့ကောင်းဆဲ…။
ဒါပေမဲ့
ရှုရှိုက်မယ်ကြံတိုင်း
ရနံ့ပြယ်ပြယ်သွားတာက ဆိုးလှတယ်။
အငွေ့
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ငွေကြေးရဲ့ ကျားကွက်ရွှေ့ဖို့
လက်သွေးတက်လာတယ်။
ဒါပေမဲ့
ရှုရှိုက်မယ်ကြံတိုင်း
ရနံ့ပြယ်ပြယ်သွားတာက ဆိုးလှတယ်။