သက်တမ်းကုန်နေတဲ့………ဆုတောင်း (sharon )
အကန့် အသတ်နဲ့ လား
နှစ်နှစ်ကာကာ ပြုံးခဲ့ တာလဲ…..မင်းပဲ
အဖြူ လဲမဟုတ်
အနက်လဲမဟုတ်
စိုက်ပျိုးခြင်းမှာကိုက နိဒါန်းမှားခဲ့ ကြတာပါ
ရူးလည်းရူးစေတယ်
မူးလည်းမူးစေတယ်
သို့ သော်
အချစ်ဟာအချစ်ပဲလေ
ဒါပေမယ့်
မင်းအချစ်ကခါးလွန်းတယ်ကွယ်
ဖြတ်ကျော်ခဲ့မှု တိုင်းက
ရာသီဦးမပီသခဲ့ ဘူး
တဆိတ်တော့ အူကြောင်ကြောင်နိုင်လွန်းတယ်
နောင်တ
နှမြောသတမှု
အလွမ်းကြောင့် ကိုက်ခဲမှုက
ချုပ်ရိုးအထပ်ထပ်နဲ့ 
ဆေးမတိုးတော့ ဘူး
သင်္ခါရတရားလို့ လွှဲမချနဲ့ 
ဘဝက
နာကျင်တတ်မှလှတာပါ
စည်းခြားထားတဲ့ သံသယက
စစ်မှန်တဲ့ ဆက်နွယ်မှု ကိုခြစားပစ်ခဲ့ တာ
တကယ်တော့
ဇာတ်လမ်းသာဆုံးခဲ့ 
အဲဒီနေ့ က
ကောင်းကင်မှာ…နေတစ်ခြမ်းလတစ်ခြမ်း
တောမကျွမ်းတဲ့ ငါ
အရောင်တွေထဲမှောက်ရက်လဲတယ်
ရင်ခွင်တစ်ခုလုံးကို အိတ်သွန်ဖာမှောက်
လူသတ်သမားအပြုံးမျိုး
အမှန်တော့ 
အဲဒီနေ့ ကအကြောင်း
အဲဒီနေ့ ကပဲ
မေ့ ပစ်ဖို့ ကောင်းတယ်
ရှာရွန် 29.9.2011 8;35 pm
Comment #3
အဲဒီနေ့ ကအကြောင်း
အဲဒီနေ့ ကပဲ
မေ့ ပစ်ဖို့ ကောင်းတယ်
ကောင်းပါတယ်…..သုံးသွားတဲ့အသုံးအနှုံးလေးတွေသဘောကျတယ်။
Comment #9
ကောင်းတဲ့ကဗျာလေးပဲ..ညီမရေ…အားပေးနေပါတယ်
Comment #12
အချစ်ဟာအချစ်ပဲလေ
ဒါပေမယ့်
မင်းအချစ်ကခါးလွန်းတယ်ကွယ်
အားပေးသွားပါတယ်။
Comment #13
အားပေးသွားပါတယ်..။
သင်္ခါရတရားလို့ လွှဲမချနဲ့ 
ဘဝက
နာကျင်တတ်မှလှတာပါ
စည်းခြားထားတဲ့ သံသယက
စစ်မှန်တဲ့ ဆက်နွယ်မှု ကိုခြစားပစ်ခဲ့ တာ…။
Comment #20
🙂
Comment #1
အဲဒီနေ့ က
ကောင်းကင်မှာ…နေတစ်ခြမ်းလတစ်ခြမ်း
တောမကျွမ်းတဲ့ ငါ
အရောင်တွေထဲမှောက်ရက်လဲတယ်
အဲစကားလုံးတွေ သဘောကျတယ်