ငါ … ဆုတောင်း
ငါ … ဆုတောင်း
အခုချိန်ထိ ငါ. . .
စိတ်ပေါသွပ်မရူးသေးတာ
မင်းကို ငါ. . .
တစ်ကရ်မချစ်ခဲ့လို့များလား၊
အခုချိန်ထိ ငါ. . .
ရင်ကွဲနာကျ မသေသေးတာ
မင်းကို ငါ. . .
တစ်ကရ်မချစ်ခဲ့လို့များလား၊
အခုချိန်ထိ ငါ. . .
ပျော်ချင်ယောင်ဆောင်ပြုံးနေခဲ့တာ
မင်းကို ငါ. . .
တစ်ကရ်မချစ်ခဲ့လို့များလား၊
တစ်ကရ်ဆို ငါ. . .သရုပ်ဆောင်ကောင်းတာ
အကယ်ဒမီပေးမယ့်သူတွေတောင် မျက်စိလည်၊
ငါ့ခြေလှမ်းတွေကို ရပ်တန့်ရင်းထိမ်းချုပ်
မင်းနေရာအိမ်ဘက် ဆက်မလှမ်းမိအောင်. . . .
ငါ့လက်ချောင်းတွေကို ဆန့်တန်းရင်းထိမ်းချုပ်
မင်းအကြောင်းတွေ ထပ်မရေးမိအောင်. . . .
ငါ့စိတ်ကူးတွေကို ပယ်သပ်ရင်းထိမ်းကွပ်
သမထ၊ ၀ိပသ၁နာနဲ့ အလုပ်ရှူပ်စေ . . .ဒါမှ
မင်းကို. . .ငါ့ရင်ထဲက မလွမ်းမိမှာ၊
ခုနှစ်ရက်သားသမီးအပေါင်း
စိတ်ရောကိုယ်ပါ ချမ်းသာစွာဖြင့်
နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်ပါစေလို့
ငါမအိပ်ဘဲ သန်းခေါင်ယံတိုင်တောင်အောင်
တရားထိုင်နေရင်းက
ဆုတောင်းပေးနေပါတယ်………….
ဗျာ! သူမလား. . . သိပ်ပါတာပေါ့
“ချစ်သူ မင်းလည်းအိပ်ပျော်ပါစေ”
နေ့သစ်
၆.၉.၁၁
၆.၄၀ pm to ၈.၅ pm
Comment #2
ဆုတောင်းပေးပ်ါတယ်. ဆန္ဒတွေပြည့်ဝပါစေနော်………..
Comment #4
WoW! 😉
Comment #5
အရမ်းအံ့သြသွားတယ် ဒီကဗျာကိုဖက်တဲ့သူတွေက 1550 ကျော်သွားတယ် …မထင်မိဘူး ။
ဖက်တဲ့သူတွေရဲ့ အချိန်တွေအလကားမဖြစ်ဘဲ တစ်ခုခုသော ရသပေးနိုင်ပါစေလို့ဘဲ စုတောင်းမိပါတယ်
Comment #1
နေ့ သစ် ရဲ့  ဆုတောင်း ပြည့်ပါစေ ဗျာ
ငါမအိပ်ဘဲ သန်းခေါင်ယံတိုင်တောင်အောင်
တရားထိုင်နေရင်းက
ဆုတောင်းပေးနေပါတယ်………….