အညတရတွေရဲ့ သွေး
အဲ့ဒီ့ ကောင်းကင်ပေါ့…
နီလွင်ထစ်ချုန်းလို့
မုန်းစရာ ကောင်းအောင်
ဝုန်းဒိုင်းကျဲ ပြခဲ့တာလေ… ။
တကယ်ဆို…
နဲနဲလေး လွဲနေတဲ့
ဒီကောင်ကတော့…
စက္ကူမှင် တစ်မျဉ်းအောက်မှာ
” အညတရ ” လို့ စာရင်းပေါက်ခဲ့ပြီ… ။
ဟုတ်ပါတယ်…
ကျွန်တော်ဟာ ” အညတရ ” ပါ
ဒါပေမယ့်…
ခပ်ညံညံကောင်ရဲ့
လက်ဖ၀ါးနဲ့လည်း
အနတ္တတွေရဲ့ ဘ၀များကို
မိုးထားပေး ပါရစေ… ။
ဘ၀တစ်လျောက်လုံး
မရောက်မချင်း လှမ်းခဲ့တဲ့တောင်
ဟော့ဒီကောင် ကျမှ
မရောက်နိုင်အောင် မှောင်နေတယ်… ။
အရာရာ မဲ့ သူရဲ့စကားမို့
ဘယ်သူကမှ နားထောင်မပေးခဲ့ကြဘူး။
အဲ့ဒီ့ကောင်ပေါ့…
ခပ်ငေါ့ငေါ့ အတွေးနဲ့
မေးခဲ့ဖူးပါတယ်။
” ထူးမခြားတဲ့ကောင်းကင်မှာ
တောင်းချင်သူတွေ အတွက်ကော
နေမထွက်တော့ဘူးလားလို့… “
ထားပါတော့လေ…
ငါ ဆိုတာ အညတရပါ။
မလှပတဲ့ နေ့ရက်တွေအတွက်
ပင်လယ်ပျက်ကိုလည်း ကျော်မယ်။
တောနက်ကိုလည်း ဖြတ်မယ်။
တတ်ကျိုးတော့ လက်ထိုးလှော်တာပေါ့
လက်ကျိုးတော့ ခြေထိုးလှော်မယ်။
မော်မဆုံးတဲ့ ကမ်း
လှမ်းရင်းလှမ်းရင်း မြန်းကြတာပေါ့… ။
Comment #2
တတ်ကျိုးတော့ လက်ထိုးလှော်တာပေါ့
လက်ကျိုးတော့ ခြေထိုးလှော်မယ်။
မော်မဆုံးတဲ့ ကမ်း
လှမ်းရင်းလှမ်းရင်း မြန်းကြတာပေါ့… ။
Comment #4
ဟုတ်ကဲ့..ကျွန်တော်..အညတရပါ………….
…………………
နှစ်သက်အားပေးသွားပါတယ်
Comment #5
ဘယ်သူ့ကိုမှ ငိုမပြဘူးတဲ့
အညတရ ပေါ့…ဟုတ်ပါသလားအသဲကွဲမိုးရေ….
Comment #1
ဒါပေမယ့်…
ခပ်ညံညံကောင်ရဲ့
လက်ဖ၀ါးနဲ့လည်း
အနတ္တတွေရဲ့ ဘ၀များကို
မိုးထားပေး ပါရစေ… ။
ကောင်းတယ် ဗျာ ကဗျာလေးက
စာသားလေးတွေ မိုက်တယ်