နှလုံးသားခပ်စိမ်းစိမ်းရဲ့ ကြွေတော့မဲ့ဟန်
တိတ်တစိတ်နဲ့ နှုတ်ပိတ်နေရင်းက
တေးသွားတွေ ပိုဒ်ပြီးတပိုဒ် ပြီးဆုံးသွားတယ်
ဟိုးအရင်မိုးသည်းခဲ့တဲ့နေ့တွေ
ခုတော့ ပူလောင်တဲ့ နွေလို
ဟိုအရင် စိမ်းစိုခဲ့တဲ့ သစ်ပင်တွေ
ခုတော့ ကြွေဆင်းဖို့ ဟန်ပြင်
လေတချက် အဝှေ့မှာ
ဥသြတကောင် တွန်သံအကြားမှာ
နှလုံးသားတစုံ ခြောက်ကပ်သွားတယ်
သစ်ရွက်တွေ ၀ါကုန်တယ်
ခပ်စိမ်းစိမ်းနဲ့ ကြွေတော့မယ့်ဟန်
ချစ်သူကတော့
ကောင်ကင်နဲ့ မြေပြင်ရဲ့အလယ်မှာ
ဟိုးကမိုးကုတ် စက်ဝိုင်းအစွန်းဆီကို
ငါ့စိတ်တွေ ခရီးထွက်ဖို့
မိုးစက်တွေ ကောင်းချီးပေးပါတော့……..။
Comment #6
ဖွဲ့ထားတဲ့စာသားတွေလှတယ်ဗျ။အားပေးသွားပါတယ်။
ကိုလမင်းပိုင်

Comment #7
ချစ်သူကတော့
ကောင်ကင်နဲ့ မြေပြင်ရဲ့အလယ်မှာ
ဟိုးကမိုးကုတ် စက်ဝိုင်းအစွန်းဆီကို
ငါ့စိတ်တွေ ခရီးထွက်ဖို့
မိုးစက်တွေ ကောင်းချီးပေးပါတော့……..။
..
ခံစားအားပေးနေလျှက်

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဟိုအရင် စိမ်းစိုခဲ့တဲ့ သစ်ပင်တွေ
ခုတော့ ကြွေဆင်းဖို့ ဟန်ပြင်
လေတချက် အဝှေ့မှာ
ဥသြတကောင် တွန်သံအကြားမှာ
နှလုံးသားတစုံ ခြောက်ကပ်သွားတယ်