နွေကဗျာ
-အချစ်ဆိုတာ
ဘာမှန်းမသိတဲ့ formula တွေနဲ့ အစမ်းသပ်ခံပြီးမှ
ရလာတဲ့ product တစ်ခုလား…
-၀န်ခံပါတယ် နွေရယ်
နွေနဲ့မတွေ့ခင်စပ်ကြား
မိုး၊ ဆောင်း ကာလတွေများမှာ
တစ်ခါလောက်တော့ ပက်ကြားအက်ခဲ့ဖူးတယ်..
-တစ်ခါတစ်ခါကျတော့လည်း
နွေရာသီကြီးတန်မဲ့
နည်းနည်းတော့ တိုက်စားခံရဖူးတယ်
-အတိတ်ကို မေ့နိုင်စွမ်းဆိုတာ
နင့် နှာခေါင်း လုံးလုံးလေးကနေ
နင်မသိအောင် ငါ….. သင်ယူတတ်မြောက်ခဲ့တာပါလေ…
-တစ်ခေါက် (၂၀၀) ပေးပြီး
သွားသွားနေတတ်တဲ့ သုံးလွှာဆိုတာကလည်း
နင်နဲ့ပါတ်သတ်တော့မှ
မရုံးသာတဲ့ ပြုံးစရာမြေပါ နွေ….
-နင်ထပ်ဝတ်လာတဲ့ အင်္ကျီပုံစံလေးတွေ
စာအုပ်လေးထဲရေးမှတ်
ဆွေးတတ်သူအတွက်တော့
mini diary လေးလိုပဲ…..
-နင့်ကိုလေ… ချစ်တယ်ဆိုတာထက်
ဘယ်လို လေးနက်ပြရမှန်းမသိတဲ့ကောင်
ငါပါ နွေ….
-နင့်နှုတ်ခမ်းကြွက်သားတွေ
လှလှလေးကွေးမလို့လား
ငါ့နှလုံးသား အလျားလိုက် ခုန်သွားလိမ့်မယ်
မလုပ်နဲ့ နွေ…..
-ခံစားချက်တွေကို
စကားလုံးတွေဖြစ်အောင် ပြောင်းလိုက်ပေမယ့်
နင့်အကြည့် ခပ်စူးစူးလေးတစ်ချက်လောက်တောင်
ကဗျာမဆန်ခဲ့ဖူးဘူး….
-လေးနက်တဲ့အချစ်ဆိုတာကို
ခလုတ်တိုက်မိတော့မှ
နင့်ခုံနံပါတ်လေး
ခဏခဏ တ မိတာပါ…..
-နင်က ငါ့ရဲ့ကြယ်လေးတစ်စင်းဆိုလည်း
မမှားဘူး
၂၁ ရာစုရဲ့ ငါ့ရင်ခွင်မှာ
ထူးထူးဆန်းဆန်း တောက်ပနေတဲ့ကြယ်လေးနာမည်
နင့်မှတ်ပုံတင်ထဲမှာရှိတယ် နွေ…
-နင့်ရင်ထဲမှာ
အချစ်ဆိုတဲ့ ရာသီဥတုလေးတစ်ခု မွေးဖွားဖို့
ငါ့အလွမ်းတွေနဲ့ ငွေ့ရည်ဖွဲ့ရဖို့လည်း
ဝန်မလေးဘူး…..
-နင့်မျက်မှန် ၀င်းဝင်းလေးထက်မှာ
ငါ့မျှော်လင့်ချက် လင်းလင်းလေး တောက်ပခဲ့တယ်
တစ်ဝက်တစ်ပျက်ခံစားချက်လေးနဲ့
သောကြာနေ့ရောက်တိုင်း
ငါ့မျှော်လင့်ချက်လေး မှောက်ကျ သွားတတ်တယ်…
-ကျောင်းဆင်းလို့ အိမ်ပြန်ချိန်
ကျောင်းဆောင်လှေကား နင် နင်းသွားလိုက်မှ
ရင်တွင်းလှိုင်းထတဲ့အဖြစ်နဲ့
တစ်ဖက်သတ်ချစ်မိသူ ငါပါနွေ….
-ဖူးစာကို
bar code တပ်ရေးလို့ရမယ်ဆိုလည်း
နင့်ခုံနံပါတ်၊ ငါ့ခုံနံပါတ်နဲ့ စာသင်နှစ်ရယ်ကိုပဲ
ပူးကပ်လို့ရေးထားလိုက်ချင်တယ်……
-ဒီစာပိုဒ်တွေရေးရင်း
မိုးတွေကလည်းသည်း
ရင်ဘတ်တစ်ခုလုံးလည်း အလွမ်းတွေ ရွှဲလို့
တကယ်ပဲ….နင်
အလွမ်းမိတော့မယ် နွေရယ်….
-နင်နဲ့ပါတ်သတ်သမျှတိုင်းကို
ကျောက်စာ၊ ပေစာ၊ မင်စာမဟုတ်ဘဲ
ရင်ဘတ်ထဲမှာ နေ့ညမနားထုဆစ်
မျက်မှန်အောက်က အကြည့်တစ်စုံတိုင်းကို
မူးယစ်နေသူပါ…..
-တာရာစုံတဲ့ည ဆိုပေမယ့်
ကြယ်တစ်စင်း……
နင့်အကြောင်းတွေတိုင်း
အသေလင်းခဲ့တယ်
ငါ့ရင်ဘတ်နဲ့ ငါ့ညတွေထဲမှာပဲပေါ့….
-အလွမ်းတွေနဲ့ တခုတရသိမ်းထားတဲ့မနက်ဖြန်
စောင့်…..မျှော်နေတာက
စာသင်ခန်းအပြင်က နင်း…..လျှောက်လာမယ့်
ဖိနပ်သံကိုပါ နွေ……
-အချစ်ကို သက်သေပြဖို့လိုတယ်ဆိုရင်
အိမ်အပြန်လမ်းက သစ်ပင်တွေ
အိပ်ယာထက်က ခေါင်းအုံးနဲ့ ဖက်လုံး
ယုတ်စွအဆုံး ကျောင်းသုံးစာအုပ်လေးတောင်
နင့်ကိုငါ အရမ်းချစ်မိနေတာ သိတယ် နွေ…..
-မသဲကွဲပေမယ့်လည်း
နင့်ကိုလွမ်းတဲ့ညတိုင်း
ကြယ်တွေအထွေးလိုက်ကြွေဖို့မလိုဘူး
လမင်းတစ်စင်း ကင်းမဲ့နေပါစေဦးတော့
အလွမ်းတွေနဲ့တင် ငါ့ရင်တစ်ခုလုံး လင်းနေဦးမှာ……
-နင့်အကြည့်တွေကို
ငါ….သိနေပြီထင်တယ် နွေရယ်….
ကောင်းကင်ပျောက်လည်း မိုးရွာမယ်
ညဘက်ကိုလည်း နေသာမယ်……
-မတွ့ဖြစ်တာကြာလို့
အလွမ်းရက်တွေကို
တစ်ကိုယ်တည်းတူးဆွ
ငါတော့ ရူးရတော့မယ်ထင်ပါရဲ့…
-နွေ……
နင်က တစ် ဆိုပေမယ့်
၂) တွေ ၃) တွေ မရှိပါဘူး
only one ပါပဲ
အခုတော့ ငါ…..lonely one ဖြစ်နေတယ်
-ချစ်လို့လှတာလား
လှလို့ချစ်တာလား ဆိုတာကလည်း
သပွတ်အူလိုပဲ
ကိုယ်တိုင်ကို မသိတာပါ…..
သေချာတာကတော့ ချစ်တယ်ဆိုတာပဲ….
-2010-2011 ပညာသင်နှစ်မှာ
ဘာမှ မထူးခြားခဲ့တောင်
နင်နဲ့အတူတူ ကျောင်းတက်ရတဲ့နေ့လေးတွေက
တစ်နှစ်တာရဲ့ အနှစ်သာရတွေပေါ့……
-မျက်တောင် တစ်ချက် ခတ်တိုင်းဖြစ်ဖြစ်
နှလုံးတစ်ခါခုန်တိုင်းပဲဆိုဆို
ဝင်သက် ထွက်သက်တိုင်းလိုလို
ငါလေ…… နင့်ကို သတိရနေတယ် နွေရယ်….
-အရောင်တွေမလိုပါဘူး
ဘယ်အခြေအနေပဲရောက်ရောက်
အမြဲတမ်းဆန်းသစ်နေတာ တစ်ခုရှိတယ်
အဲဒါ………..
-တစ်ယောက်တစ်မျိုးစီရူးကြတယ်တဲ့
ငါလည်း…. နင်နဲ့ပါတ်သတ်လာရင် ရူးတာပဲ
ကမ္ဘာဦးကတည်းက ဖြစ်တည်ခဲ့တဲ့
အချစ်ဆိုတာနဲ့ပေါ့…
-ball point pen တွေ၊ typing တွေနဲ့
ငါ့ diary ကို ဆက်မရေးဖြစ်တော့ပါဘူး
နှလုံးသားထဲမှာ နင်ရှိနေတယ်ဆိုတာသိရင်
စိတ်ကူးထဲမှာ အချိန်တိုင်းရေးလို့ရတယ်ဆိုတာ
နင်သိလား နွေ……..
-အချစ်မှာ မျက်စိပါတာ မပါတာတွေ
ငါမသိဘူး…..
အချစ်မှာ မျက်မှန်ပါတာတော့
ငါသိတယ်…..
-အိပ်မက်တွေလား
ခဏ ခဏ မက်တယ်နွေရယ်…
ခက်တာက ဆောင်းရာသီကြီးဖြစ်နေတယ်
ဒါပေမယ့်… နင်နဲ့ပါတ်သတ်လာရင်
အယူအဆဟောင်းတွေကိုလည်း စွန့်လွှတ်မိပြန်တယ်
-အာဒမ်နဲ့ဧ၀မကလို့
ဘယ်ကပဲစစ
platonic မဟုတ်လို့
ဘယ်လိုပဲချစ်ချစ်
ငါလေ…. ချစ်နေခွင့်ရရင် ပြီးတာပါပဲ…
Comment #2
ရေးအားကောင်းတယ်ဗျို့..။အရှည်ကြီးအကြောင်းအရာတစ်ခုကိုရေးပြသွားနိုင်တယ်..။အားပေးနေပါတယ်ဗျာ.။
Comment #3
စကားလုံးသုံးထားတာတွေလည်း ကောင်းတယ်ညီ…
ကဗျာကောင်းလေးတစ်ပုဒ်ပဲ အားပေးသွားပါတယ်။
Comment #4
a shae g pe naw..
he..he..
ma ne phat ya de.
be lout khan sar p yae phwe htar de so tar ma pyaw dot bu,
nice poem
Comment #5
လုံဝ ကို ပြည့်စုံတဲ့ ကဗျာလေးတစ်ပုဒ်ပဲဗျ..
ကောင်းတယ်ဗျာ….
အတွေး အခေါ်ကောင်းကောင်းရေးပြထားနိုင်တယ်…(လေးစားပါတယ်..)
Comment #6
a hngar khan sar p dot yae pay tar lar ma ti bu naw…
he,,he,,
Comment #7
so much like
Comment #8
be hna khar hman ko ma ti dot bu,
kha na kha na phat tine tar comment pay ya yin “htaung,,taung” chi kone dot me, a hote
phat p tine yin hte hmar a mye tann pyaw twar de,
phat p tine le myat yae we de,
a yann ko kyike de poem lay par.
Comment #1
အားပေးသွားတယ်နော်…..