ေ၀၀ါးခြင်း
အချစ်ဆိုတဲ့
အပြုံးပန်းတစ်ပွင့် မွေးဖွားရင်း
ဒီခံစားချက်…………
မင်းနှုတ်ခမ်းပါးပေါ် ခြေရာထပ်ချိန်မှာ
ငါက
ဘယ်ဘ၀ကိုတပ်မက်ရဦးမလဲ
ငါက
ရိုမီယိုနဲ့ဂျူလီယက်ထက်ချစ်ချင်ခဲ့သူ
ငါက
အချစ်နဲ့လက်တွေ့ဘဝ
အကျိုးတူစီးပွားဖတ်ချင်ခဲ့သူ
ငါ့အိပ်မက်တွေ ကျိုးကြေပြီးတဲ့နောက်မှာ
ကံကြမ္မာကို တစ်ခုချင်းဖြုတ်ချပြီး
ချစ်ခဲ့ရတဲ့ ငါ့နှလုံးသား
ဘယ်အမှန်တရားက သက်သေထူမှာလဲ
´ဘယ်အရာက အမှန်တရား´လဲ
ဒီလိုေ၀၀ါးမူ့ကြား
ကြာကြာရပ်တည် နိုင်ပါ့မလား
အချစ်မစဲ သေးတဲ့
မနက်ဖြန်တွေ တစ်နေ့ပြီးတစ်နေ့
စွဲလန်းနေရင်း
ငါက
ဘယ်လိုအချစ်မျိုးကိုဦးခိုက်ရမှာလဲ….။ ။
NMO
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ငါ့အိပ်မက်တွေ ကျိုးကြေပြီးတဲ့နောက်မှာ
ကံကြမ္မာကို တစ်ခုချင်းဖြုတ်ချပြီး
ချစ်ခဲ့ရတဲ့ ငါ့နှလုံးသား
ဘယ်အမှန်တရားက သက်သေထူမှာလဲ
…………..
ကိုDEMON အားပေးနေပါတယ်…