နင်နဲ့ငါ အတိတ်ကို ပြန်သွားကြမယ်….။
နင်…..
ငါ့အနားကိုသာ ပြန်လာပါ
အရာရာဟာ နင့်ကို စောင့်မျှော်နေတာမို့
နင်မပါဝင်တဲ့ ငါ့မနက်ဖြန်တွေ
ရင်ဆိုင်ရမှာ အင်အားမဲ့လို့ပါ….။
နင် မရှိတဲ့အခါ
ဘယ်လိုဝေဒနာတွေ ဖြစ်ပေါ်လာမှန်းမသိ
နင်နဲ့ဝေးတဲ့ဘဝ
နေ့တွေ ညတွေ အလင်းပျောက်နေတတ်တယ်…။
အမှားတွေ အခါခါတိုင်းအတွက်
ဒီတစ်သတ်လုံး ငါ အရှုံးပေးပါ့မယ်…
နင်ထားခဲ့တဲ့ ၂ နှစ်ကျော်ကာလမှာ
ငါ့အသည်းက ရစရာ မရှိအောင် ကွဲကြေခဲ့ပြီ….။
ငါ နင့်မျက်ဝန်းနက်နက်လေးတွေကို လွမ်းပါတယ်…
ပြန်လာခဲ့ပါ….
ဟိုအရင်တစ်ခါကလို ငါ မဟုတ်တော့တာမို့
ပြင်ဆင်ခွင့်တွေနဲ့ ငါ ဒူးထောက်ရင်း
အဆုံးအစမဲ့စွာ ငါ ပေးဆပ်ပါ့မယ်..။
တူညီပါတယ်ဟာ
နင်ငိုကြွေးခဲ့ရခြင်းတွေနဲ့
ငါ့ ခံစားချက်ဝမ်းနည်းရခြင်းတွေ
ဘာမှလည်း မတွက်ပါနဲ့
နင့်ကို မချစ်ရဘဲ ငါ အသက်မဆက်တတ်တော့ဘူး…။
ဖြေရှင်းခွင့်မပေးတဲ့ လွဲမှားခြင်းတစ်ခုမှာ
နင့်သံသယကြောင့်
ငါကပဲ ကျရှုံးခဲ့သူစာရင်း ထည့်သွင်းခြင်းခံရတယ်…။
နောက်ထပ်ရှေ့ဆက်ရဖို့ဆိုရင်
နင့်ကိုပဲ ငါ့အသက်မက မြတ်နိုးတယ်…။
“ကို”ရယ်…
အမှန်တွေမြင်ပါတော့……………
ဒီရင်ခွင် ခိုဝင်ပါတော့………….
လွန်ခဲ့သော နေ့စွဲတွေထဲက
ငါ့ဘ၀တစ်ခုအား……..
နင် ပြန်လည်အသက်သွင်းပါတော့…။
နင်နဲ့အတူသာဆို
ဘယ်နေရာကိုမှလည်း စိတ်ကူးမယဉ်တော့ဘူး
ထပ်မံပြီးပဲ တောင်းဆိုပါ့မယ်
“ကို”
နင်နဲ့ငါ အတိတ်ကို အတူပြန်သွားကြမယ်…..။
Comment #2
နင်နဲ့အတူသာဆို
ဘယ်နေရာကိုမှလည်း စိတ်ကူးမယဉ်တော့ဘူး
…………….
တပုဒ်လုံး ခံစားအားပေးသွားပါတယ်….
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #3
same to u….
so so nice
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #4
နင်နဲ့ဝေးတဲ့ဘဝ
နေ့တွေ ညတွေ အလင်းပျောက်နေတတ်တယ်…။
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #5
a nar gat ko le twar chin par de,,
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #6
နောက်ထပ်ရှေ့ဆက်ရဖို့ဆိုရင်
နင့်ကိုပဲ ငါ့အသက်မက မြတ်နိုးတယ်
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #1
နင်နဲ့ငါ အတိတ်ကို အတူပြန်သွားကြမယ်…..။