လူ့ဂွစာ ငါ
ငါဟာ ဘာကောင်လဲ
ငါ့ကိုယ်ငါတောင် မသေချာမရေရာတာကို
သတ်မှတ်လိုက်ပြန်ပြီး လူတွေက
သေချာတောင်မှ မသုံးသေးဘူးတဲ့ပိုက်ဆံ
ဘယ်လိုကဘယ်လို ဖြစ်မှန်းတော့မသိ
ရှာလိုက်ရတာတော့ ဖတ်ဖတ်ကိုမောလို့
လုပ်ချလိုက်ပြန်ပြီး ပညာအရေအချင်းတဲ့
သာရေးနာရေးမှာ အသုံးချဖို့ရှိခဲ့ပါတယ်
မိဘကျောင်းထားပေးခဲ့လို့
လာပြန်ပြီး ဂုဏ်တွေအရှိန်အဝါတွေရှိလာတဲ့
သေချာပါတယ် ငါမသိပါဘူး
ဂုဏ်ဆိုတာဘာလဲ အရှိန်အဝါဆိုတာဘာလဲ
ကဲသေချာပါတယ်ငါဟာ
လူသတ်မှတ်ထားတဲ့ ပိုင်ဆိုင်မှုတွေ ပျော်ရွှင်မှုတွေမရှိပေမယ့်
ငါ့ကိုငါသေချာပေါက်ပျော်ရွှင်နေရတာပဲ
ငါလဲပြန်မေးချင်တယ် ဒီလူတွေကို
မင်းတို့ကကော ဘာကောင်တွေ
ဘယ်သူကသတ်မှတ်တာလဲ
ဘယ်သူရဲ့ အရေအချင်းတွေလဲ
ငါက ဘာလုပ်ပေးရမှာလဲ
ငါ့အတွက်ကော ဘာအကျိုးရှိမှာမို့လို့လဲ။
ပြည့်စုံ ( 03.10.2011 <—> 1:29PM )
Comment #4
လုပ်ချလိုက်ပြန်ပြီး ပညာအရေအချင်းတဲ့
သာရေးနာရေးမှာ အသုံးချဖို့ရှိခဲ့ပါတယ်
မိဘကျောင်းထားပေးခဲ့လို့
Comment #1
သေချာတောင်မှ မသုံးသေးဘူးတဲ့ပိုက်ဆံ
ဘယ်လိုကဘယ်လို ဖြစ်မှန်းတော့မသိ
ရှာလိုက်ရတာတော့ ဖတ်ဖတ်ကိုမောလို့ ( ဟုတ်ပ)