ကျွန်တော့် ရဲ့ အခန်းလေး
ကျွန်တော့် ရဲ့အခန်းလေး
ချစ်တာရဲ့ အပြစ်
ဝေဒနာတွေ
ဖြစ်စေရော့လားကွယ်…..။
မိုးချုပ်မှ
နေထွက်
မင်း အတွက်နဲ့
အသက်ရှင်ခဲ့ရ သူပါ
နှလုံးသားဝယ်တီးတိုး
ချစ်ခြင်းသံစဉ်
ရေးဖွဲ့နေလေရဲ့….။
အလွမ်းရဲ့ ဒဏ်ရာဟာ
အခန်းနံရံ မှာ
ကျန်ခဲ့တာ မဟုတ်ဘဲ
နှလုံးသား မှာဆိုတော့
ရှာလို့ မတွေ့
ပြလို့မရ
ခံစားလို့ပဲ ရလေရဲ့
ရူးသွပ်မှု့ရဲ့ နောက်
အမုန်းဆိုတဲ့ အကောင်
ခဲနဲ့ ပေါက်နေချေရော့
ကြောက်လှပါချေရဲ့
ဖွင့်ပါတော့ကွယ်
ပိတ်နိုင်လွန်းတဲ့
တံခါးလေးရယ်…..။
Comment #2
မိုက်တယ်ဗျာ ….
ကြိုက်သွားပြီ

Comment #3
မိုက်တယ်ဗျာ ….

Comment #4
အားပေးသွားပါတယ်..တံခါးလေးလည်းပွင့်ပါစေ

Comment #5
so nice

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကိုဒေဝေါ လုလင် အားပေးသွားတယ်နော်