“ ဦးညွတ်ခြင်း ”
ဒီအတိုင်၊ ဒီအရွက်
ငါတို့ရဲ့ တက် မှမဟုတ်ပဲ…
ပုံဂံ၊ အင်းဝ၊ ကုန်းဘောင်…
ခေတ်အဆက်ဆက်မှာတောင်
ကြောင်ကြောင်ကျားကျား
ဒီအရောင်များ မရှိခဲ့တာလည်း
အသေအချာပါပဲ… ။
နာစရာတွေတွေးတာမဟုတ်ပါဘူး
ခပ်လေးလေး ပြောချင်တာက
ဦးညွတ်ရတာချင်း အတူတူ
လူလူသူသူတော့ ဖြစ်ချင်တယ် ။
မော့ မရရင်
အစက ပြန်ကျော့တာပေါ့
ကျက်သရေတော့ ရှိမှာပဲလေ ။
ပြန်လာပါ…
တစ်ဆိတ်ဗျာ…
ကျေးဇူးပြုပြီး… ပြန်ခေါ်ပေးပါ ။
ခပ်ရေးရေးအတွေးနဲ့
ကလေးလေး တစ်ယောက်ရဲ့
စိတ်ကူးထဲမှာလည်း
ဒီအတိုင်၊ ဒီအရွက်
ငါတို့ရဲ့ တက် မှမဟုတ်ပဲ… ။
….. …… ….. ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အရမ်းကောင်းပါလား..ဖိုးကြယ်