အိမ်ပြန်လမ်း
ရင်ဝှက်ပန်း သိုဝှက်အလွမ်း
သခင်မဲ့အနမ်း တိတ်တခိုးကျွမ်းရင်း
ငိုမဲ့မဲ့နဲ့ အိမ်ပြန်ခဲ့ပေါ့..။
သိုဝှက်အလွမ်းတွေ သခင်မဲ့လမ်းမှာ
တိတ်တခိုးကျွမ်းရင်း ငိုမဲ့အနမ်းကို
ငါ..ခုံမင်စွာ မျှော်လင့်ခဲ့တာ
အိမ်ပြန်လမ်းကို ရောက်ခဲ့တဲအထိပေါ့..။
ရင်မှာသိုဝှက် အနေခက်လည်း
တိတ်တခိုးအချစ် မပစ်သာလို့
ခုံမင်စွာ ငါ တပ်မက်ခဲ့တာ
အိမ်ပြန်လမ်းကို ရောက်ခဲ့တဲ့အထိပေါ့…။
တက္ကသိုလ်မြတ်မင်း
Comment #4
အားပေးသွားပါတယ်အစ်ကို
By: arkar at Oct 6, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Nice 😀