“………ထဲမှာ”
ကြားချင်မှုတစ်ခုအတွက်ပဲ
နားကိုမစွင့်တော့ဘူး
ခပ်မြင့်မြင့်လူတွေဖို့
နားရင်းအုပ်ဖို့ပါဖြစ်စေပြီ
အမှားမရှိလည်း
နားလှည့်ပါးရိုက်ခံရတာက
ရိုးနေပြီ………
မြင်လိုမှုတစ်ခုအတွက်ပဲ
မျက်လုံးကိုမဖွင့်တော့ဘူး
ပေါက်ကရမြင်နေရတာတောင်
မမြင်ချင်ယောင်ဆောင်နေရလို့
အယောင်ဆောင်နေရရင်း
တကယ်ကန်းသွားပြီ
အမှန်တွေလည်းပျောက်လို့
ကျုပ်စကားမပြောတတ်တော့ဘူး
ဟုတ်တယ်မိတ်ဆွေ ….
အမှားတွေကတစ်ရံစာမှမကတာ
အမှန်တွေပျောက်ပြီး
မုသားတောထဲလည်ရင်းနဲ့
စကားတွေပျောက်လို့
အသံတွေ”အ”ကုန်တာပါ
နား၊မျက်လုံး၊ပါးစပ်
မိမွေးတိုင်းဖမွေးတိုင်းသာကျန်နေတာ
အလုပ်မလုပ်တာကြာပြီ
လူတွေကြားထဲနေရကထဲကပဲ
အင်းးးး……
ငရုတ်သီးအစားများတော့လည်း
စပ်လို့စပ်မှန်းတောင်မသိတော့ဘူး
myatthuraaung
[email protected]
(ကဗျာခေါ်င်းစဉ်လေးကိုကျနော်ဒီလိုလေးပဲပေးချင်လို့ပါ ခေါင်းစဉ်ကကဗျာဖတ်သူပဲပေးလို့ကောင်းမှာပါ
လိုအပ်မယ်ထင်တာကိုအားမနာတမ်းဝေဖန်ပါခင်ဗျာ သည်းငြည်းခံဖတ်ပေးတာကိုကျေးဇူးတင်ပါသည် -မောင်မြတ်သူ(ခေတ္တ-လှည်းတန်း))
Comment #1
လိုက်ပါတယ်ဒီခေါင်းစဉ်လေးပဲ
ကောင်းပါတယ်