“ကျောင်းတုန်းက……..”
ချစ်ခြင်းအစ
ကျောင်းကြီးကိုလား ကံကြမ္မာလား
ဆုံခဲ့တဲ့ဖူးစာလား
ဘာကိုများကျေးဇူးတင်ရမလဲ
ဘာပဲဖြစ်ဖြစ်သူမနဲ့ကျနော်
ရင်ချင်းထပ်၍ချစ်ခဲ့သည်
လွမ်းစရာအစ(၁)
နွေလေရူးကိုအပြစ်တင်ခဲ့တယ်
သူကြောင့်ကျောင်းပိတ်
ဆက်သွယ်စရာတိတ်ပီ
ကြင်သူနေမှကောင်းရဲ့လား..
လွမ်းစရာအစ(၂)
အချိန်ဆိုတာကိုအပြစ်တင်ခဲ့တယ်
အသက်လည်းကြီး
ကျောင်းလည်းပြီးပြီ
သတင်းမှမကြားရ
ကြင်သူအဆင်မှပြေရဲ့လား..
မုန်းစရာအစ
ချစ်မိတဲ့ကိုယ်လား
အပြစ်ရှိတဲ့သူ့ကိုလား
ဘယ်သူ့ကိုများလဲ
စားပွဲပေါ်မှာ..
သူ့ဖိတ်စာ.။
myatthuraaung
[email protected](တော်တော်ကြာကြာကကဗျာလေးပါ ညံရင်ခွင့်လွှတ်ပါ)
Comment #2
ကဗျာလေးက အဓိပ္ဗါယ်ရှိပါတယ်ဗျာ

Comment #6
အရေးအသား မညံ့ပါဘူးဗျ
တကယ်ကောင်းတဲ့ အရေးအသားဘဲ
ကဗျာက ပေါ့ပေါ့ပါးပါးလေးနဲ့ ဖတ်လို့ကောင်းတယ်ဗျ အားပေးသွားပါတယ် ။

Comment #7
မဆိုးပါဘူးဗျ…ဖတ်လို့ ခံစားလို့ ရပါတယ်…

Comment #8
he,,he,,,

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကောင်းပါတယ် အချိန်နဲ့ အရပေါ့…။