သဘာဝတရား
လရိပ်ပြာရဲ့အလင်းရောင်
ရင်ခုန်သံနှင့် ထုဆစ်ထားသော
နှလုံးသားတစ်စုံ….
သောကများနှင့်
ပြည့်နှက်နေသော
အလွမ်းပွင့်…
ရင်ခုန်ချိုမြွက်
ပင်သက်ကြွေနှင့်
နှုတ်ခမ်းတစ်စုံ..
အတိတ်တွေနှင့်
ပြည့်နှက်နေသော
ဒဏ်ရာရုပ်ကြွင်းများ…
ဖြစ်ပြီးခဲ့သမျှ
ရေစုန်မျှောလို့
ရေဆန်လမ်းမှာ
တစ်ယောက်တည်း
လျှောက်လှမ်းလို့
အဖော်မဲ့ညတွေ
ကျော်လွှားရဦးမည်
လူ့လောက လူ့ဘဝ
သဘာဝတရား……
Second Two
09.07.09
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service