ယောနသံကပေးတဲ့ သင်ခန်းစာ
မွေးဖွါးရာ ဥခွံထဲက
အတောင်စုံစ တို့ တွေ
အလျားညီညီ ပျံသန်းထွက်ခွါခဲ့..
လောကမာယာထဲ ကိုယ်ဖေါ့ရင်း
ဂျစ်ပစီတေးကို ညည်းရင်း ။
အရှုံးနဲ့ နာကျင်ခြင်းတို့
ဘယ်တော့ကြုံမယ်
ဘယ်တော့ခွဲခွါမယ်
မသိသေးချိန်
မုန်တိုင်းကြားထဲ လေချွန်တတ်အောင်
သင်ကြားနေရင်း
အရောင်တူငှက်တို့
အတူတူ အုပ်ဖွဲ့ ခဲ့တယ် ။
ဝေးဝေးရောက်ဖို့ 
မြင့်မြင့် ပျံသန်းရမယ်မှန်း
လွတ်လပ်တတ်ဖို့ 
ရဲရင့်ရမယ်မှန်း
ငါတို့ မသိအောင်တားနေရင်းနဲ့ ပဲ
ငါတို့ သိတတ်လာခဲ့..။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဝေးဝေးရောက်ဖို့ 
မြင့်မြင့် ပျံသန်းရမယ်မှန်း
လွတ်လပ်တတ်ဖို့ 
ရဲရင့်ရမယ်မှန်း
ငါတို့ မသိအောင်တားနေရင်းနဲ့ ပဲ
ငါတို့ သိတတ်လာခဲ့..။