ဆွေးသူ့အိမ်
ဆွေးသူ့အိမ်သည်
ကဗျာဖြင့်ဖွဲ့၏ ။
ငြိုးသူ့ မျက်ဝန်းသည်
မိုးကြိုးသို့ ထက်၏ ။
ထို့ကြောင့်ပင်
မိုးညိုညိုသည်
တမြေ့မြေ့ ငို၏ ။
မိုးစဲနေရောင်တွင်
ငါ့အလွမ်းဖြင့် ယက်လုပ်သော
သက်တန့်သည်
သူမအား
တဒင်္ဂ ပျော်ရွှင်စေ ။ ။
Comment #3
ဟုတ်ပါတယ်ဗျာ
ကိုငှက်ရဲ့ အသုံးအနှုန်းလေးတွေ နဲ့ ရေးထားတာပါ
ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ
By: mgchannaye at Nov 25, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကိုသိန်းဇော်တို့ ကိုငှက်တို့ရဲ့ အရိပ်အငွေ့ တွေနဲ့ ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ..
အဖွဲ့ လေးကတော်တော်လှပါ၏..။