ငါ….မပိုင်တဲ့ကြယ်….
အဲ့ဒီ့မိုးမခပင်အောက်မှာ..
ငါကြယ်လေးတစ်လုံးတွေ့တယ်…
ငါ့အတွက်လမ်းပြကြယ်ပါဆိုတော့…
ဟင့်အင်း..လမ်းမှားကြယ်ပါတဲ့…
ငါ့အတွက်ဘယ်တော့မှမဟုတ်ဖူးဆိုတာသိပေမယ့်…..
သူ့အလင်းရောင်ကို..တရှိုက်မက်မက်..တောင့်တခဲ့တာ…
ငါဟာသူ..မပေးတဲ့အိမ်မက်တွေထဲမှာစီးမျော…
စိတ်ကူးမှာငါပါကြယ်တစ်လုံးဖြစ်လို့….
တကယ်ပါ….ကြယ်ကိုတိမ်ဖုံးတဲ့ညမှာ..
လမင်းတောင်မတမ်းတခဲ့မိဘူး….
ရူးတယ်လို့ဆိုချင်ဆို…
ကြယ်ကြွေတာမြင်တိုင်းလက်ဖြန့်နေခဲ့မိတာ…
ငါ့ရဲ့သနပ်ခါးမလိမ်းတဲ့ကြယ်လေးမှာ…
မက်မောဖွယ်ကေသာတစ်ခုပိုင်ဆိုင်တယ်..
ဒါပေမယ့်..သူဟာ..
အချစ်..အလွမ်း..အဆွေး..အမုန်း.မသီကုံးဘူး..
ဘဝကို..ဌာန်ကရိုင်းကျကျဖြတ်သန်းပြီး..
ကိန်းဂဏန်းတွေကြားမှာ..မျောနေတတ်တယ်….
ဘပဲဖြစ်ဖြစ်ပါ..ကြယ်လေးတောက်ပရင်ကျေနပ်ရဲ့..
ဘယ်တော့မှ…ကြွေမကျနဲ့…
အဝေးကငေး..ဆုတောင်းပေးမယ်..
ငါမပိုင်တဲ့ကြယ်အတွက်…
ဖြူစင်တဲ့အချစ်…သူငယ်ချင်းအဖြစ်နဲ့….
ငါမပိုင်တဲ့ကြယ်လေးရေ…
တစ်ခုလောက်..တောင်းဆိုပါရစေ…
မဲ့ပြုံးလေးတစ်ပွင့်လောက်ချီးမြှင့်ပါ…
ငါကဗျာထဲကနေ..တိတ်တိတ်လေး..ခိုးကြည့်ချင်လို့…(နွေဦးသစ်)
Comment #2
အဲ့ဒီ့မိုးမခပင်အောက်မှာ..
ငါကြယ်လေးတစ်လုံးတွေ့တယ်…
ငါ့အတွက်လမ်းပြကြယ်ပါဆိုတော့…
ဟင့်အင်း..လမ်းမှားကြယ်ပါတဲ့…
Comment #3
thu dot ma ti bu..
ei lay ka dot d lo ma pyone tat bu.
he,,he,,
Comment #1
အရမ်းကြိုက်ပါတယ်ခင်ဗျာ…..
ကျွန်တော်ကရဲဝင့်အောင်ပါ….
အမြဲအားပေးနေတဲ့ပရိတ်သတ်တစ်ယောက်ပါ