Professional Authors

နွားပုံပြင်

ချစ်ခြင်းဆိုတာ
နူးညံတယ်လို့
ပြောလေရဲ့
မယုံလို့ ကိုင်ကြည့်မိတယ်
ငါကိုယ်တိုင် ရဲ့
အပြစ်လား……………
လက်တစ်ဖက်လုံးလေ
လှိုက်စား လျှက်ပေါ့
သံယောဇဉ်တချို့
ကျွန်တော့်ပုခုံးပေါ်
အလိပ်လိုက် ကျလာတယ်
ကျတာက ပုခုံးပေါ်
ရောက်သွားတာက
နှလုံးသားထဲ
အိပ်မက်မက်ဖို့
ဦးနှောက်ကတာဝန်ယူသတဲ့
ကောင်း လိုက်တဲ့
လူဖြစ်စဉ်
လူတစ်ဦးကို ချစ်ဖို့
ဘယ်လောက်မှ မကြာသလို
မေ့ဖို့ကြတော့လည်း
သေမလောက်ခက်လေရဲ့
ကိုယ့်ခေါင်းကိုယ်ကိုင်
မြက်စားဖို့ ထိုးကျွေးတယ်
စားနေကြ မဟုတ်တော့
အရသာမတွေ့
ဒါပေမယ့်
မင်းနဲ့ အနေကြာရင်
ငါလည်းမြက်ကြိုက်လာမှာပါ
ခေတ်သစ်နွား
အင်တာနက်သုံးတဲ့ နွား
ရည်းစားထားတဲ့ နွား
ရည်းစားက ရည်စားထားတာကို
နားလည်ပေးတဲ့ နွား
အဲ့ ဒီနွားက ဘယ်သူလဲ
သူများကို ငါ လက်ညိုးလိုက်ထိုးတယ်
သူများတွေက ငါ့ကို လက်ညိုးပြန်ထိုးတယ်
မှန်ကြည့်ပြီး
ငါ့ကိုယ်ငါ ကျေနပ်တယ်
ထိုကြောင့် နှလုံးသားကတော့
ရှင်လျှက်နဲ့ လေဖြတ်နေလေရဲ့
နာနေပေမယ့်လည်း
အသည်းထဲ မော်ဖင်းတွေထိုး
ရုပ်ဆိုးဆိုးပေါ့
ကြည့်မကောင်းလည်း……..
အသည်း ကွဲ ရမှာနဲ့
ရင်နာရမှာနဲ့
နှစ်ကောင်တောင်
ငါကတစ်ယောက်တည်း
သူတို့ ပြေးလာတယ်
ငါ့ကို ဒါးနဲ့ ၀ိုင်းထိုးကြတယ်
ထားတဲ့သေအောင်မသတ်နဲ့တဲ့
ငါတို့ကို ဒုက္ခရောက်အောင်
လုပ်တဲ့ကောင်တဲ့
ကျွန်တော်ကြားတယ်
ကျွန်တော် နှလုံးသားက
ကျွန်တော့်ကို ပြန်ပြောတဲ့ စကားလေ………….။

In: ကဗျာ Posted By: Date: Oct 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment