ခံစားချက်တွေနဲ့ ခံရခက်နေတယ်
အဝေးဆုံးကို ငေးလိုက်တယ်
ငှက်ကလေးတစ်ကောင်တည်း
အတောင်ဖြန့်ကာ ဝဲနေတယ်
ငါ့လိုဘဲ. . .အထီးကျန်ရင်ဘတ်ကြီးနဲ့ပေါ့
အနီးဆုံးကို ပြေးကြည့်ပြန်တယ်
သမင်တစ်ကောင်
ကျော့ကွင်းလှလှလေးမှာ ထွက်သက်လှိုက်နေတယ်
ငါ့လိုဘဲ. . .နောင်တကင်းကင်းနဲ့ပေါ့
လူသတ်ကွင်းနဲ့တူတဲ့
ဒီလောကကြီးထဲ
တစ်ဖက်သတ်ပင်လယ်ထဲ
နစ်နေတဲ့ငါ့အချစ်တွေက
ဥပက္ခာကလွဲရင်
ထိုက်တန်တာမရှိတော့ဘူးလား ???
ငါ. .ဘာတွေ ဖြစ် နေ လဲ
ငါ့ကိုယ်ငါ သေချာမသိဘူး
တစ်ခါ တစ်ခါ.. . . .
ကိုယ့်ကိုယ်ကိုတောင် မမှတ်မိလောက်အောင်
နာကျင်မှုက
အရှိုက် ကို ရိုက် ထားတယ်
ရူးနေတာလား? ? ?
အငိုက်မိနေတာလား? ? ?
သေချာတာကတော့
ညတိုင်း
သူအသက်ရှူသံတွေကို အလွတ်ကျက်
သူ့လေစိမ်းတွေကို
အရည်ဖျော်သောက်ပြီးမှ မျက်လုံးမှိတ်ဖြစ်တယ်. . .
ငါ့ အ ခန်း နံ ရံ တွေ တော့ မေး ကုန် ကြ ပြီ
“မင်း ရင် ဘတ် သံ စဉ် တွေ ဘယ် တော့ မိုး လင်း မ လဲ တဲ့ ”
ငါ့ ခေါင်း အုံး လည်း ပြော နေ ပြီ
“မင်း မျက် ရည် အ နံ့ တွေ မ သင်း တော့ ဘူး တဲ့ ”
စီး တော် သဲ ကြိုး က တော့
“ဘယ် လောက် ကြာ ကြာ ပစ် ထား ဦး မှာ လဲ တဲ့ ”
ငါ့မှာအဖြေတစ်ခုဘဲရှိတယ်
သူ့ ကို. .မေ့နိုင်တဲ့တစ်ချိန်ပေါ့ ။ ။ ။
12th October,2011.
9:00 pm
Comment #2
နစ်နေတဲ့ငါ့အချစ်တွေက
ဥပက္ခာကလွဲရင်
ထိုက်တန်တာမရှိတော့ဘူးလား ???
ငါ. .ဘာတွေ ဖြစ် နေ လဲ
ငါ့ကိုယ်ငါ သေချာမသိဘူး
တစ်ခါ တစ်ခါ.. . . .
ကိုယ့်ကိုယ်ကိုတောင် မမှတ်မိလောက်အောင်
နာကျင်မှုက
အရှိုက် ကို ရိုက် ထားတယ်
Comment #4
လူသတ်ကွင်းနဲ့တူတဲ့
ဒီလောကကြီးထဲ
တစ်ဖက်သတ်ပင်လယ်ထဲ
နစ်နေတဲ့ငါ့အချစ်တွေက
ဥပက္ခာကလွဲရင်
ထိုက်တန်တာမရှိတော့ဘူးလား ???
ကောင်းတယ်ဗျာ စကားလုံသုံးစွဲမှုတွေ အားပေးနေတယ်ဗျို့ 🙂
Comment #5
အားပေးသွားတဲ့ လုလင်ငယ်သွေး ၊ ရနံ့ ၊ ရဲဝင့်အောင် ၊ အစ်ကိုမြတ်သူ တို့အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် ။ သူငယ်ချင်းတို့ရဲ့ အားဆေးတွေနဲ့ ကဗျာတွေထဲ အသက်ဆက်နေမှာပါ ။
Comment #6
သေချာတာကတော့
ညတိုင်း
သူအသက်ရှူသံတွေကို အလွတ်ကျက်
သူ့လေစိမ်းတွေကို
အရည်ဖျော်သောက်ပြီးမှ မျက်လုံးမှိတ်ဖြစ်တယ်. . .
ကြိုက်တယ်…..လာရောက်အားဆေးတိုက်သွားတယ်….ဗျာ..။ 🙂
Comment #7
ပိုက်ဆံပေးဝယ်လို့မရတဲ့ အားဆေးကို ကျွန်တော့ထံလာရောက်တိုက်ကျွေးတဲ့ ကိုterry ကျေးဇူးကမ္ဘာတင်တယ်ဗျာ။ ကျွန်တော့ကဗျာလေး အားပေးသူ ၊အားမပေးသူ အပေါင်း စိတ်နှလုံးချမ်းမြေ့ပါစေ ။
Comment #8
နှစ်သက်အားပေးသွားပါတယ်..ဗျာ
Comment #10
ngar bar tway phyit nay leeee?
ngar ko ngar lone wa ma ti dot bu kwarrrrrrrr.
Comment #1
ငါ့ ခေါင်း အုံး လည်း ပြော နေ ပြီ
“မင်း မျက် ရည် အ နံ့ တွေ မ သင်း တော့ ဘူး တဲ့ ”
လုလင် အားပေးသွားသည်