ကျမ ချစ်တဲ့ “လူ”
သူ …
အဲ့ဒိလူပေါ့ …
ကျမရဲ့ ဂရုစိုက်မှုသေးသေးလေးတွေကို
အကြီးအကျယ် ခုံမင်တတ်တဲ့လူ … ။
သူ …
အဲ့ဒိလူပေါ့ …
မျှဝေတတ် ခံစားတတ် …
တခါတလေလဲ .. ပြောမရဆိုမရနဲ့
ဂျစ်တိုက် တတ်တဲ့လူ … ။
သူ …
အဲ့ဒိလူပေါ့ …
ကျမဘေးနား မတ်မတ်ရပ်
ကျမကို လုံခြုံစေတဲ့လူ … ။
သူ …
အဲ့ဒိလူပေါ့ …
သူ့ စကား ချိုချို ကြား
ကျမကို ယစ်မူး ပျော်ဝင် စေတဲ့လူ … ။
သူ …
အဲ့ဒိလူပေါ့ …
ကျမကိုယ်တိုင်အံ့သြလောက်အောင်
ကဗျာတချို့ စာတချို့ ဖြစ်တည်စေခဲ့သူ … ။
သူ …
အဲ့ဒိလူပေါ့ …
သူကလွဲရင် ဘယ်သူမှ “လူ” မထင်တော့လောက်အောင်
ခံစားချက်တချို့နဲ့ ကျမကို ရူးသွပ်စေခဲ့သူ … ။
လူ …
အဲ့ဒိသူပေါ့ …
ကျမ ချစ်တဲ့ “လူ” … ။
Comment #3
ငယ်လေးရေ ကေ အားပေးသွားပါတယ်….
သူ …
အဲ့ဒိလူပေါ့ …
ကျမကိုယ်တိုင်အံ့သြလောက်အောင်
ကဗျာတချို့ စာတချို့ ဖြစ်တည်စေခဲ့သူ … ။
………………….
Comment #7
မငယ်လေးးးးးးပြောတာဟုတ်တယ်ဗျ။
အဲ့ဒိလူပေါ့ …
ကျမကိုယ်တိုင်အံ့သြလောက်အောင်
ကဗျာတချို့ စာတချို့ ဖြစ်တည်စေခဲ့သူ … ။
အဲဒီလူ…အဲဒီသူပေါ့……….။ကွက်တိပဲ မငယ်လေး
အားပေးသွားပါတယ်။
Comment #8
မှားသွားတယ်ဟဲဟဲ..
ကျွန်တော် ကိုယ်တိုင်အံသြလောက်အောင်လို့ပြောရမှာ
မှားသွားတယ်။
Comment #9
မရင်နွေး…..အစစအဆင်ပြေမှာပါ….. :)….
ကဗျာ အားပေးသွားတယ်….
Comment #11
အားပေးသွားပါသည်
Comment #12
kyun ma chit de thu,,,
Comment #13
so much like that read again.
Comment #15
the only one i love most
Comment #1
လုပ်ပြီ မငယ်လေးကတော့…”သူကလွဲရင် ဘယ်သူမှ “လူ” မထင်တော့လောက်အောင်
ခံစားချက်တချို့နဲ့ ကျမကို ရူးသွပ်စေခဲ့သူ …“ ဆိုတော့ ကျွန်တော့်တို့မှာ ဘယ်နေရာမှာများ လူနဲ့ မတူတာရှိလို့လဲ ဆိုပြီး ရှာလိုက်ရတာဗျာ..ခုထိမတွေ့သေးဘူး ..။