တောသူအလှ ယဉ်ပေစွ ဗျို့
လ လေးက သာ
လေလေး ကအေး
ချစ်သူ မိအေး
မသွားနဲ့အုံး….။
ချစ်တုန်းခဏ
စိတ်ဒုန်းချပြီး
ကိုရင် အနား
ဖ၀ါး မခွါ
နေသွားပါအုံး…..။
ချစ်ရသည့် လူ
ရင်တွေပူလို့
ကောက်ပုံ နဘေး
ချိန်းတွေ့ရေးကို
မောင်အေးမြအား
စာလေးပါးတာ
နှမလေးရယ်
နင်ရလို့ပေါ့
တော်ချေရော့ဟယ်……။
ကိုရင်လေ ကွယ်
ငါ့နှမကို
ဟိုရင်နှစ်က
ဇာတ်လေအခင်း
ပွဲ ခင်းထဲမှာ
မြင်လျှင်မြင်ချင်း
ချစ်ကျွမ်းဝင်မို့
စုံစမ်း မိသည်
ဒီအမိကို
ရီးထွေးသမီး
အောင်ကြီးနှမ
ဒီချောလှကို
ကိုရင် မှာလေ
အသည်းတွေ ဆူ
ရေနွေးပူသို့
ရင်တွင်းနှစ်ကာ
ချစ်မိလေသော
မ လေးခင် များ
လာမှ လာပါ့
စောင့်နေရတာ
ရွာထိပ်ထန်းပင်
မောင့်ကို ရှုံးမှာ
သေချာပါသည်
ခင်နှမရေ
လှလှ ၀ိုင်းဝိုင်း
မျက်နှာဝိုင်းမှာ
တောသူပီသ
သနပ်ခါးစ
ပုဝါလှနဲ့
မျက်နှာ မှာမွှေး
တောမှာမွေးသော
အနေအေးသည့်
ခင်လေး နှမ
ဒီချောလှအား
ကိုရင် လှလေ
ချစ်လှ ပါချည်ရဲ့ဗျာ…….။
Comment #2
he,,he,,
lots of fun.
thz so much.
thz 4 make me b happy.

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လှလှ ဝိုင်းဝိုင်း
မျက်နှာဝိုင်းမှာ
တောသူပီသ
သနပ်ခါးစ
ပုဝါလှနဲ့
မျက်နှာ မှာမွှေး
တောမှာမွေးသော
အနေအေးသည့်
ခင်လေး နှမ
ဒီချောလှအား
ကိုရင် လှလေ
ချစ်လှပါချည်ရဲ့ဗျာ…….။
ဒီအပိုဒ်လေး မိုက်လှပါချည်ရဲ့ဗျာ အားပေးသွားသည် ။