ရင်နွေး (၂)
ရင်နွေး …
ကျေးဇူးတင်တယ်
အနားမှာ ရှိနေပေးလို့ ။
ရင်နွေး …
နားလည်ပေးနေတာတွေက
ချစ်လို့သာဖြစ်ပြီး
ပေါ့လျော့မှုလို့ မထင်စေချင်ဘူး ။
ရင်နွေး …
နှုတ်ခမ်းပါးလေးကို
ဖြစ်နိုင်ရင် အပိုင်သိမ်းထားချင်ပါတယ်
တနေ့နေ့ ဖြစ်လာလိမ့်မယ်လို့
အိပ်မက်ခွင့်ပြုပါ ။
ရင်နွေး …
စိတ်ညစ်စရာတွေ ရှိလာတဲ့ခါ
မှီတွယ်စရာရင်ခွင် ရှိပါရဲ့လား
နင့်ဘေးနားဘယ်သူမှ မရှိတော့တဲ့ချိန်
နင့်နောက်မှာ ငါရှိနေပါမယ်
လှည့်ကြည့်ဖို့သာ မမေ့ပါနဲ့ ။
ရင်နွေး …
ဂရုစိုက်မှုသေးသေးလေးတွေတွက်
အဲ့လောက်တောင် ချစ်လားလို့  မမေးပါနဲ့
ငါနင့်ကို အဲ့ထက်ပိုချစ်ပါတယ် ။
ရင်နွေး ..
အတိတ်တွေကို မတူးဆွပါဘူး
ပစ္စုပ္ပာန်တချို့ကိုလဲ ငါမေ့ထားပါတယ်
အဲဒိအစား ငါ့အနာဂါတ်မှာ
နင့်ကိုသာ အလိုရှိပါတယ် ။
ရင်နွေး …
ငါ့စိတ်ချမ်းသာဖို့ကို ဦးစားပေးလို့
ကျေးဇူးတင်ပါတယ်
နင်သာစိတ်မညစ်ပါနဲ့
ငါပျော်ရွှင်ပါ့မယ် ။
ရင်နွေး …
မဝေးနိုင်တော့ပေမယ့်
ဒိထက်ပိုနီးဖို့ မဖြစ်နိုင်သေးတဲ့အခြေနေမှာ
နင့်ကို မြင်နေလျှက်က
ငါ … လွမ်းနေပါတယ်။
ရင်နွေး …
ပြောနေကျစကားလေး
ငါပြောချင်ပါသေးတယ်
‘ငါနင့်ကို အရမ်း ချစ်တယ်’
ရင်နွေး …
အနားမှာ ရှိနေပေးလို့
ကျေးဇူးတင်ပါတယ် ။
ပြီးတော့ …
ငါနင့်ကို အမြဲ ကျေးဇူးတင်ချင်ပါတယ် … ။
Comment #2
ဒါလည်းကောင်းတာပဲဗျ။အားပေးသွားပါတယ်။
Comment #4
အင်း….ရင်နွေး(၂)….ရင်နွေး…. 🙂 ရင်နွေး…
🙂
Comment #5
so so so so so so so so so nice,
so so so so so so so so so like
Comment #7
read again par,,
this time,,,i cry alot.
Comment #8
ဟုတ် ကျေးဇူးပါ မမိုး နဲ့ မအိလေး …း)
Comment #9
come to my wall and solve it..your problem Nge’
Comment #10
ဒီကဗျာကို ဖျက်ပါလို့ ငါပြောတာ ၂၀၁၂ ကတည်းက.. ခုထိမဖျက်သေးပါလား.. မရှက်ကြဘူးလားဟင်..
Comment #1
P.S … ရင်နွေး ကဗျာကို … ရင်နွေးက ဒီဆိုဒ်ထဲမှာ တင်ပီးသားမို့ … ပြန်မတင်တော့တာပါ … 🙂 .. ဒါကတော့ ရင်နွေး ရဲ့ နောက်ဆက်တွဲ … ရင်နွေး (၂) ပေါ့ .. 🙂 ။