အချစ်ကျွန်တစ်ဦး၏ ရင်ကွဲသံ
အ ချိန် တွေ ကြာ ရင် မေ့ သွား မှာ ပါ တဲ့
ဒီ အ ပြော တွေ ကြောင့်
ငါ့ ရင် တွေ စုတ် ခဲ့ ရ တယ်. . .
ဂ ရု မ စိုက် ရင် အေး သွား မှာ ပါ တဲ့
ဒီ အ ပြော တွေ ကြောင့်
ငါ့ မျက် ရည် တွေ အစိုး ရ ခဲ့ တယ်. . .
မင်း နေ နိုင် ရင် ပြီး သွား မှာ ပါ တဲ့
ဒီ အ ပြော တွေ ကြောင့်
ငါ့ နှ လုံး သား အက် ရာ ထပ် ခဲ့ တယ်. . .
မင်း နဲ့ ငါ့. .ကြားမှာ
တံ တိုင်း လည်း မ ရှိ ဘူး
မြစ် လည်း မ ရှိ ဘူး
ကန္တာရ လည်း ကာ ဆီး မ ထား ဘူး
မာ န တွေ စွန်း နေ တဲ့
စာ ရွက် ပါး လေး တစ် ရွက် ဘဲ ခြား ထား တာ ပါ
မင်း သာ စိတ် ရှိ ရင်
လက် ချောင်း လေး. . .တစ် ချက် ကွေး ရုံ နဲ့
ငါ့ နှ လုံး သား တမ်း တ မှု ကို
မြင် နိုင် မှာ ပါ. . .
နှစ် ချို့ နေ တဲ့
ရင် ဘတ် နက် နက် က. .အချစ်
သူ ရဲ ကောင်း ဆန် ချင် မှ ~ ~ ဆန် မယ်
ခမ်း နား ချင် မှ လည်း ~ ~ ခမ်း နား မယ်
ဒါ ပေ မယ့်. . .
မင်း နေဆိုနေ
မင်း သေဆိုသေ
အမိန့်ကောင်းတဲ့ အချစ်တစ်မျှင်တော့. .ဖြစ်နေတုန်းဘဲ ။
14th October,2011.
7:15 am
Comment #3
ကြိုက်၏။
Comment #4
ကဗျာလေး ဖတ်ရှု. .အားပေးသွားတဲ့ အစ်မတော်အသဲကွဲမိုး ၊ SoFarAwayFromU ၊ ချမ်းမြေ့ တို့အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် ။ ဒီအားဆေးတွေနဲ့ဘဲ ကျွန်တော် ကဗျာတွေထဲ အသက်ဆက်နေမှာပါ ။
Comment #7
ကဗျာလေးကကောင်းတယ်ဗျ မင်း နဲ့ ငါ့. .ကြားမှာ
တံ တိုင်း လည်း မ ရှိ ဘူး
မြစ် လည်း မ ရှိ ဘူး
ကန္တာရ လည်း ကာ ဆီး မ ထား ဘူး
မာ န တွေ စွန်း နေ တဲ့
စာ ရွက် ပါး လေး တစ် ရွက် ဘဲ ခြား ထား တာ ပါ
မင်း သာ စိတ် ရှိ ရင်
လက် ချောင်း လေး. . .တစ် ချက် ကွေး ရုံ နဲ့
ငါ့ နှ လုံး သား တမ်း တ မှု ကို
မြင် နိုင် မှာ ပါ. . .
နှစ် ချို့ နေ တဲ့
ရင် ဘတ် နက် နက် က. .အချစ်
သူ ရဲ ကောင်း ဆန် ချင် မှ ~ ~ ဆန် မယ်
ခမ်း နား ချင် မှ လည်း ~ ~ ခမ်း နား မယ်
ဒါ ပေ မယ့်. . .
မင်း နေဆိုနေ
မင်း သေဆိုသေ
အမိန့်ကောင်းတဲ့ အချစ်တစ်မျှင်တော့. .ဖြစ်နေတုန်းဘဲ ။ ကောင်းတယ်ဗျ အားပေးနေပါကြောင်းဗျ 🙂
Comment #8
အားပေးသွားတဲ့ ကိုမျိုးဇင် ၊ ridd နဲ့ အစ်ကိုမြတ်သူ တို့အားလုံးကို ကျေးဇူးအများကြီးတင်တယ်ဗျာ။ ဒီညီအစ်ကိုမောင်နှမတွေရဲ့ အားဆေးကြောင့် ကျွန်တော် ကဗျာတွေထဲအသက်ဆက်နိုင်တာပါ ။ အားလုံးကို တကယ်ကျေးဇူးတင်တယ် ။
Comment #1
နှစ် ချို့ နေ တဲ့
ရင် ဘတ် နက် နက် က. .အချစ်
သူ ရဲ ကောင်း ဆန် ချင် မှ ~ ~ ဆန် မယ်
ခမ်း နား ချင် မှ လည်း ~ ~ ခမ်း နား မယ်
ဒါ ပေ မယ့်. . .
မင်း နေဆိုနေ
မင်း သေဆိုသေ
အမိန့်ကောင်းတဲ့ အချစ်တစ်မျှင်တော့. .ဖြစ်နေတုန်းဘဲ ။
..
Like this poem xo much