(လူဖြစ်ရတဲ့ ဒုက္ခ။) တွေ..။
(လူဖြစ်ရတဲ့ ဒုက္ခ။) တွေ..။
ငါ…..
မနက်တွေရဲ့ အလိုမကျခြင်း ပုံပြတွေ အပေါ်
စက္ကန့်၊ မိနစ်၊ နာရီတွေကို ဖျက်ရိုက်ချိုး
နာမည်ဆိုး တွေနဲ့ လမ်းထက်
မျှော်လင့်ချက် အပျက်တွေဆီ
ခရီးဆက်နေတယ်…….
ငါ……
ခံရပေါင်း များလာတဲ့ ဘ၀တစ်လျှောက်
အရင်းခံ ပျောက်လာတဲ့ စိတ်ကြေးမုံတွေက
“”မာသာထရီဇာ”” လဲ မသိဘူး……
“”ဒါဝင်”” ရဲ့ ပန်းချီကားလဲ မသိတော့ဘူး……
“”ဂျီဘရောဒါ”” ကျောက်ဆောင်ဆီလဲ မသွားချင်တော့ဘူး…….
ငါ….
မျက်ရည်တွေ ခင်းထားတဲ့
ပူဆွေးမှု့ လမ်းပေါ်မှာ
ဝတ်ရည် စားတဲ့ “”ပျား”” လိုလဲ ငါမနေချင်ဘူး…….
အငြိုးတွေထား မာန်မာန စကားတွေနဲ့
“”ရာမ”” ရဲ့ အနိုင်ခံ “”ဒဿ”” လို ဘ၀လည်း…….
မပိုင်ချင်တော့ဘူး…..
ငါ…
၂၃…နှစ်ပိုင်တစ်ပိုင်း အမြင်နဲ့
မျက်နှာက အရောင်တွေကို ပြေးဖတ်
ခရမ်းလွန် ရောင်ခြည် အထက်မှာ…..
“”ယူဘီအေ”” လဲ မရှိဘူး……
“”ယူဘီစီ”” လဲ မရှိဘူး……
“”နူထရွန်””……
“”ယူရေနီယံ””…..
“”အက်တမ်””……
“”အိုင်းစတိုင်း””……””သောမတ်စ် အက်ဒီဆင်””….
ဘာဆို ဘာမှ မရှိဘူး…….
ငါ…….
ဆခွဲကိန်း ဆင်ခြေတွေနဲ့ တိုးတက်လာတဲ့
ညနေတွေမှာ…….
တပ်မက်ခဲ့ရာ ၊
မျှော်လင့်ခဲ့ရာ ၊
မြတ်နိုးခဲ့ရာ ၊
တွယ်တာခဲ့ရာ ၊
တည်ဆောက်ခဲ့ရာ ၊
………….
လက်ဖမိုး ဖောင်းဖောင်းလေး……
နှုတ်ခမ်းပါးပါးလေး………
ကော့ကလန် မလေး……..
…………
အလွမ်း…အဆွေး….
ဆာလောင် ငေး…….ပြေး…….တွေး
လက်ရှိကနေ ငါကွာဝေး……………….ဝေး
(ငါ့)အနားမှာတော့…….
ငါ့ ခန္ဓာ အခွံနားမှာ(တော့)
နာကျဉ်းချက်တွေ…..
မေတ္တာပျက်တွေ…..
ပကာသန ဥခွံမျိုးဆက်တွေ…..
ကုဋေကုဋာ ချီအောင် ကျန်ခဲ့ပြီပေါ့…….
မနက်ဖြန်တွေမှာလည်း
အရင်လိုပဲ……
အရင်လိုပဲ……
(လူဖြစ်ရတဲ့ ဒုက္ခ။) တွေ..။
ကကြီး။(3.10.11)[email protected]