အလည်လာပါ …. အောက်တိုဘာ – နရီထက်
မမော့ဖူးချင်တဲ့ ကောင်းကင်
စွန့်လွတ်ခံတတ်တဲ့ ရော်ရွက်ဝါ
နားလည်ပေးနိုင်တဲ့ နွေကဗျာတွေက…
ရှိတတ်ခဲ့လို့လားကွယ်…
ကြိုးစင်အတက်ခဲ့ရတဲ့ အိမ်မက်
နင်အတွက် ငိုချင်းပေးမယ့်
နံနင်ခင်းလေးတွေ ယုံခဲ့ဘူးလို့လားရယ်…
တစ်စုံတစ်ရာဆိုတာ နင် ယုံကြည်မှာ ဖြစ်တာပါ..
လက်မခံနိုင်တဲ့ နှင်းပွင့်လေးတွေက
ငြိမ်းချမ်းခြင်း အောက်တိုဘာကို ဖြတ်ကျော်လာပြီး…
နိုဝင်ဘာရယ် ခဏလေးပါ
နင်ထက် အကဲပိုမယ့် ဒီဇင်ဘာ…
နင်အရှေ့မှာ ဘရိတ်ထိုးထားတယ်နော်…
နှင်းဧကရီတွေ ခုန်ပေါက်ကြတဲ့ ညမှာ…
ချယ်ရီတွေလည်း ပျော်မြူးခဲ့တယ်
အဆွေးဆိုတဲ့ လေပြေလေးတွေ ပြတင်းပေါက်ပိတ်ခဲ့ချင်တယ်
မေ့လျော့ဖျော့တော့နေတဲ့ နေခြည်…
ရုန်းထွက်ချင်တဲ့ အာရုဏ်အခင်းအကျင်းမှာ..
နင်လည်း နေတတ် လှတတ်အောင် ဟန်ဆောင်တတ်နေပြီးနော်…
ဘာမှ ပြန်လိုချင်တော့ဘူးလား…
ချိုမြိန်စွာနှင့် သေဆုံးသွားမယ့် ဆောင်း…
နင် ရက်စက်ခြင်းတွေကို မသယ်ဆောင်သွားပါနဲ့…
ငြိမ်းချင်းခြင်းတွေ လက်ခုပ်အပြည့်သယ်ဆောင်လာတယ်
နှလုံးသားက အဟောင်းကြီးကွယ်…
တစ်ကိုင်းတည်း နားချင်ပေမဲ့…
အဆုံးအစမဲ့နေတဲ့ ကာရန်ကြားမှာ
နင်တို့ ငါတို့… နေတတ်ခဲ့ပြီး မဟုတ်လားကွယ်…
အတူနေချင်တဲ့ အသိုက်
ဝေးလွင့်သွားတဲ့ အရိပ်တွေကိုတော့
ဓါးစားခံမသုံးစေချင်…
လည်စင်းခံပေမဲ့ မနက်ဖြန်ဆိုတာ မရှိဘူးရယ်…။ ။
နရီထက်
( ၁၇ ၊ အောက်တိုဘာ ၊ ၂၀၁၁ )
Comment #2
အရမ်းကြိုက်ပါတယ် 😍😍
Comment #1
အတူနေချင်တဲ့ အသိုက်
ဝေးလွင့်သွားတဲ့ အရိပ်တွေကိုတော့
ဓါးစားခံမသုံးစေချင်…
လည်စင်းခံပေမဲ့ မနက်ဖြန်ဆိုတာ မရှိဘူးရယ်…။ ။