ဘာလိုသေးလို့လဲ
ငါ့ရင်ဘတ်ပင်လယ်ကို
မင်းနားလည်မှုအတောင်ပံတွေနဲ့
အယောင်ဆောင်ရိုက်ခတ်ခဲ့ပြီးပြီဘဲ
ဘာလိုသေးလို့လဲ ??
မင်းနာကျင်တိုင်း
ယုံယုံကြည်ကြည်အဖော်ပြုပေးခဲ့တဲ့
ငါ့မျက်ရည်တွေနဲ့
မင်းခြေဆေးခဲ့ပြီးပြီဘဲ
ဘာလိုသေးလို့လဲ ??
နဂိုတည်းက
ရှိဖို့ဝန်လေးနေတဲ့
ငါ့မာနတွေကို
ဟိုး. .အောက်ဆုံးထိ
မင်း ဆွဲချ. .နင်းချေခဲ့ပြီးပြီဘဲ
ဘာလိုသေးလို့လဲ ??
‘ငါ့အရိပ်’
‘ငါ့အာဝါသ’
‘ငါ့ပတ်ဝန်းကျင်’
‘ငါ့ပျော်ရွှင်မှု’
‘ငါ့ပေးဆပ်မှု’ တွေကို
မင်းဖြည်းဖြည်းချင်း ဝါး. .မြို ခဲ့ပြီးပြီဘဲ
ဘာလိုသေးလို့လဲ ?? ။
Ray
16th October,2011.
10:00 am
Comment #2
အားပေးသွားတဲ့ အသင်လုလင်ကျေးဇူးပါဗျာ ကျွန်တော့ကဗျာတွေ အမြဲတမ်းလိုလိုအားပေးလို့ တကယ်ကျေးဇူးတင်ပါတယ် အားပေးသူ ၊ အားမပေးသူအားလုံး စက္ကန့်တံလည်နေသရွေ့ ကိုယ် ၊ စိတ်ချမ်းမြေ့ပါစေ ။

Comment #3
need so much.
ur true love.

Comment #4
ွှ့အားပေးသွားတဲ့ မအိလေး ကျေးဇူးကမ္ဘာပါ ။ မအိလေး ပျောက်နေတာကြာပြီနော် ။

Comment #5
hote,,,,,
go back home.no intrenet.
nay ma kaung loh lane lane mar mar ne nay nay tar.
my family disallow me to go out.
thz so much for ur kindness,

Comment #7
ကဗျာလေးကို လှိုက်လှိုက်လှဲလှဲ အားပေးသွားတဲ့ အစ်မတော် တစ်ယောက် စိတ်ချမ်းသာပါစေဗျာ
အစ်မ ကျေးဇူးပါ အားပေးတဲ့အတွက် ။

Comment #1
ငါ့ရင်ဘတ်ပင်လယ်ကို
မင်းနားလည်မှုအတောင်ပံတွေနဲ့
အယောင်ဆောင်ရိုက်ခတ်ခဲ့ပြီးပြီဘဲ
ဘာလိုသေးလို့လဲ ??
မင်းနာကျင်တိုင်း
ယုံယုံကြည်ကြည်အဖော်ပြုပေးခဲ့တဲ့
ငါ့မျက်ရည်တွေနဲ့
မင်းခြေဆေးခဲ့ပြီးပြီဘဲ
ဘာလိုသေးလို့လဲ ??