“ ကြယ်ကလေးရဲ့ စာစီစာကုံး ”
တိတ်တိတ်ဆိတ်ဆိတ်လေး လ၀န်းရဲ့ သံစဉ်ကို
ခံစားကြည့်တော့ …
အိမ်မက်ဆန်တဲ့ တေးသွားက
ယုန်ကလေးကို တမ်းချင်းနဲ့ စ တယ် ။
အဲ့ဒီလိုနဲ့ တို့နှစ်ယောက်နိဒါန်း
ဘယ်အခန်းကမှ
လန်းလန်းဆန်းဆန်း မရှိခဲ့ဘူး ။
သိပ်တော့လည်း မထူးပါဘူးလေ
ဦးဦးဖျားဖျား …
နင့် အတွက် ဖယ်ထားတဲ့ကဗျာတောင်
လင်းကြက်တွေရဲ့ စာသားသဲ့သဲ့မှာ
ခပ်မဲ့မဲ့လေး ဖြစ်ခဲ့ရသေးတာပဲ ။
ငါတို့ ရဲ့စာကိုယ်မှာ
ဘယ် ပန်းချီကမှလည်း ၀ါမဆိုဘူးနော် …
အဲ့ဒီ့ ဆူးတွေနဲ့ ရှေ့ဆက်
တစ်ရက်ရက်မှာတော့
. . . . . . . ၊ . . . . . . .
မဆုံနိုင် သေးတဲ့နိဂုံး
ငါ ကိုက တုံးလွန်းတဲ့ ကြယ်ပါလား …
ကြယ်စစ်သည်
Comment #6
ငါတို့ ရဲ့စာကိုယ်မှာ
ဘယ် ပန်းချီကမှလည်း ၀ါမဆိုဘူးနော် …
အဲ့ဒီ့ ဆူးတွေနဲ့ ရှေ့ဆက်
တစ်ရက်ရက်မှာတော့
. . . . . . . ၊ . . . . . . . like much
By: အသဲကွဲ မိုး at Mar 9, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မဆုံနိုင် သေးတဲ့နိဂုံး
ငါ ကိုက တုံးလွန်းတဲ့ ကြယ်ပါလား …
ကဗျာလေး ခံစား. .အားပေးသွားပါတယ် ။