ကိုယ့်အပြစ်နဲ့သာ နာကျည်းသည်
ဆန္ဒတွေ ပြိုပြိုလဲရတယ်
ဘ၀ကို ပြေးရင်းလွှားရင်း
ခဏ ခဏ စဉ်းစားလည်း
ဖြစ်ချင်တာတွေ အငွေ့ပျံလို့
လူလို့တောင် မသတ်မှတ်ရဲအောင်
ခေါင်းကိုငုံ့ထား ၊ မာနတွေသိမ်း ၊ ပြောသမျှတွေလှိမ့်ပိန့်ခံ
ဘယ်တော့ ကျွတ်မယ်မှန်မသိ
ဒီဝဋ်ကြီးကို နားကျည်းသည် ။
အနမ်းအကြောင်း မသိ
ချစ်နေလွမ်းနေရင်းဖြင့်
ခဏ ခဏ တွေးမိတယ်
အကြင်နာဆိုတာ ငါနဲ့မသက်ဆိုင်လို့်
ကိုယ့်ကိုကိုယ် လက်ညိုးထိုးအပစ်တင်မိတယ်
မင်းလူညံ့ ၊ မင်းငတုံး ၊ ပြောသမျှလှိမ့်ပိန့်ခံလို့
ဘယ်တော့ရမယ်မှန်မသိ
ဒီအကြင်နာတွေကို နာကျည်းပါသည် ။
Comment #2
same to u.
Comment #4
အနမ်းအကြောင်း မသိ
ချစ်နေလွမ်းနေရင်းဖြင့်
ခဏ ခဏ တွေးမိတယ်
အကြင်နာဆိုတာ ငါနဲ့မသက်ဆိုင်လို့်
ကိုယ့်ကိုကိုယ် လက်ညိုးထိုးအပစ်တင်မိတယ်
မင်းလူညံ့ ၊ မင်းငတုံး ၊ ပြောသမျှလှိမ့်ပိန့်ခံလို့
ဘယ်တော့ရမယ်မှန်မသိ
ဒီအကြင်နာတွေကို နာကျည်းပါသည် ။
မိုက်တယ်ဗျာ
အားပေးပါတယ်
Comment #5
koh a pyit ne ko pe lay,,,
chit lun dot le pyit hmar pop lay,,,
be thu ko hma ma nar kyee par bu,,,
koh ye phyu sin de a chit tway a twat gone taung u tay de,,,he,,he,,
Comment #6
ပြောသမျှတွေ လှမ့်ပိန့်ခံ နေရပါတယ်ဗျာ….
Comment #1
နာကျည်းမှုအငွေ့အသက်တွေနဲ့ ကဗျာလေး ခံစားအားပေးသွားပါတယ် ။